Healthy Life Ad
International

အရက်စွဲနေသူနဲ့ အရက်မစွဲသူတို့ရဲ့ အသည်းတွေကို နှိုင်းယှဉ်ပြသကာ အရက်ရဲ့ ဆိုးကျိုးကို လက်တွေ့ရှင်းပြတဲ့ နာမည်ကျော် ဆရာဝန်

၊ မိုးမင်းထွန်း ၊
အမေရိကန်ပြည်ထောင်စုမှ နာမည်ကျော်ဆရာဝန် ဒေါက်တာဒရူးပင်စကီက အရက်စွဲနေတဲ့ အမြွှာညီအစ်မနှစ်ယောက်အား အရက်စွဲနေသူနဲ့အရက်မစွဲသူတို့ရဲ့အသည်းတွေကို နှိုင်းယှဉ်ပြသကာ အရက် ရဲ့ဆိုးကျိုးကို လက်တွေ့ရှင်းပြခဲ့ပါတယ်။ ကျန်းမာတဲ့ အသည်းက ချောမွတ်ကာ နီညိုရောင်သမ်းနေပါတယ်။ အရက်စွဲကာ အသည်းခြောက်ရောဂါကြောင့် သေဆုံးသွားတဲ့ လူတစ်ယောက်ရဲ့အသည်းဟာ အမည်းရောင် အစက်အပြောက်တွေနဲ့ ညိုမည်းကာ ကြမ်းတမ်းနေပါတယ်။ သူ့ရဲ့ တီဗီအစီအစဉ်မှာ ဒီအသည်းနှစ်ခုကို နှိုင်းယှဉ်ပြကာ အမြွှာညီအစ်မနှစ်ယောက်ကို အရက်ဖြတ်ဖို့ သင်ခန်းစာပေးခဲ့တာဖြစ်ပါတယ်။

၁၀ နှစ်ကျော်ကြာ အရက်အလွန်အကျွံသောက်တဲ့အခါ အသည်းထိခိုက်ပျက်စီးပြီး လုပ်ငန်းဆောင်တာပုံမှန်မလုပ်နိုင်တော့တာကြောင့် အသည်းခြောက်ရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို မဖယ်ရှားနိုင်တော့ပဲ ဦးနှောက်၊ ခုခံအားစနစ်တွေထိခိုက်ကာ အသည်းဆုံးရှုံးနိုင်ပါတယ်။ ရောဂါကုသလို့မရနိုင်ဘဲ ပြင်းထန်တဲ့အခြေအနေမှာ အသည်းအစားထိုးပြုလုပ် ရလေ့ရှိပါတယ်။ အမျိုးသမီးတွေမှာ အရက်ကိုချေဖျက်တဲ့ အင်ဇိုင်းချို့ယွင်းတာကြောင့် အမျိုးသားတွေထက် အသည်းခြောက်ရောဂါဖြစ်နိုင်ခြေ ငါးဆပိုရှိကြောင်း သိရပါတယ်။ အရက်သောက်ခြင်းအပြင် အသည်းရောင်အသားဝါရောဂါများနှင့် အဝလွန်ခြင်းတို့ကြောင့်လည်း အသည်းခြောက်ရောဂါဖြစ်နိုင်ကြောင်း သိရပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top