Healthy Life Ad
Q & A

ခဏခဏပြန်ပေါ်နေတဲ့ ရင်သားအကျိတ်

မေး. ကျွန်မအသက်က ၂၃နှစ်ပါ။ ဘယ်ဘက်ရင်သားမှာ အပေါ်ပိုင်းမှာ အကျိတ်ဖြစ်လို့ ခွဲရတာ နှစ်ခါရှိပါပြီရှင့်။ အခုလည်း အရင်တစ်ခါခွဲတာ တစ်နှစ်တောင် မပြည့်သေးဘူး။ ထပ်ဖြစ်နေလို့ပါရှင်။ တစ်ခါတစ်ရံ နာပြီး ပူတယ်ရှင့်။ အရင်နှစ်ခါ ခွဲတုန်းကတော့ ရိုးရိုးအကျိတ်လို့ပြောပါတယ်။ ခဏခဏဖြစ်နေတော့ စိုးရိမ်လို့ပါ။ ဘာလို့ ပြန်ပြန်ဖြစ်လဲ သိချင်ပါတယ်ရှင့် စိုးရိမ်ရပါလားရှင်။ အကျိတ်ကခွဲပြီးသား နေရာရဲ့အပေါ်ဘက်ချုပ်ရိုးအထက်မှာ ပြန်ပြန်ဖြစ်တာပါရှင်။
Khin Hnin Htet Kyaw (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ကင်ဆာမဟုတ်တဲ့ တချို့အကျိတ်တွေက ပြန်ထွက်တတ်တဲ့အထဲမှာ ပါပါတယ်။ တိတိကျကျပြောဖို့ဆိုရင်တော့ သူရင်သားအကျိတ် ခွဲထားပြီးတော့ အသားစယူစစ်ဆေးထားတဲ့ အဖြေပေါ်မှာ မူတည်ပါတယ်။ ဥပမာ- Fibroadenosis ဆိုရင် ပြန်ဖြစ်တတ်တယ်။ အလုံးတစ်လုံးတည်း ကြီးတာကတော့ ပြန်ဖြစ်တဲ့ ရာခိုင်နှုန်းနည်းပါတယ်။ အကျိတ်ရဲ့ အလုံးအကျိတ်အရွယ်အစားရယ်၊ အကျိတ်အခြေအနေရယ်တွေပေါ်မူတည်ပြီး ပြန်ဖြစ်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top