Healthy Life Ad
Q & A

သမီးလေးက မျက်တောင်ခဏခဏ ခတ်တယ်၊ ပါးစပ်အလိုလိုဟတယ်၊ပခုံးတွန့်တယ် . . .

မေး ။ ကျွန်တော့်သမီး အသက် ၄နှစ်ခွဲရှိပါပြီ။ အခု ဖြစ်နေတဲ့ပြဿနာက မျက်တောင်ခဏခဏ ခတ်ပြီးတော့ ပါးစပ်အလိုလို ခဏခဏ ဟလိုက်တာတို့ ပခုံးတွန့်လိုက်တာတို့ဖြစ်လာပါတယ်။ ကလေးဆရာဝန်နဲ့ ပြသကြည့်တော့ အာရုံကြောအားနည်းတာလို့ ပြောပါတယ်။ စိုးရိမ်ရပါသလား သိပါရစေခင်ဗျား။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး သိချင်လို့ပါ။
Ko Aye Hlaing (FB)

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ ဒါက အာရုံကြောနဲ့ဆိုင်တဲ့ ပြဿနာ ဖြစ်တတ်သလို ဦးနှောက်ပြဿနာနဲ့လည်း ဆက်စပ်မှုရှိတတ်ပါတယ်။ ရောဂါလက္ခဏာစုတစ်ခုခုရဲ့ လက္ခဏာလည်းဖြစ်တတ်ပါတယ်။ ကလေးမွေးစဉ်ကာလမှာ ဦးနှောက်ထဲ အောက်ဆီဂျင်ရောက်တာ နည်းသွားဖူးသလား၊ ငယ်စဉ်က ဦးခေါင်း ထိခိုက်ဒဏ်ရာရဖူးသလား . . ဒါမျိုးလေးတွေကလည်း ဆက်စပ်မှုရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလက္ခဏာတွေက စနစ်တကျ ကုသမှုခံယူဖို့လိုအပ်ပါတယ်။ ဖြစ်နေတဲ့ လက္ခဏာတွေသက်သာစေမယ့် ဆေးတွေရှိသလိုဖြစ်စေတဲ့ အကြောင်းရင်းတွေကို သေချာရှာဖွေဖော်ထုတ်ဖို့လိုပါတယ်။ ဒါမှသာ ကုသလို့ရမယ့် ရောဂါလား၊ မွေးရာပါ ရောဂါလားဆိုတာကို ခွဲခြားသိရှိနိုင်မှာဖြစ်ပါတယ်။ တစ်ခါတလေ တချို့ပိုးတွေကြောင့် ဦးနှောက်နဲ့ အာရုံကြောလှုပ်ရှားမှု ပုံမမှန်တာလေးတွေ ဖြစ်တာလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဆရာဝန် ချိန်းတဲ့အတိုင်း မှန်မှန်သွားပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top