Healthy Life Ad
Q & A

မကြာခဏ ရေယုန်ပေါက်နေပါတယ် . . .

မေး. ကျွန်တော့်ပါးစပ်နား နှုတ်ခမ်းထောင့်နားမှာ မကြာခဏဆိုသလို ရေယုန်ပေါက်လေ့ရှိပါတယ်။ ဒါကြောင့် ရေယုန် ဘာကြောင့် ပေါက်ရသလဲ၊ ရေယုန်မပေါက်အောင် ဘယ်လိုကြိုတင်ကာကွယ်လို့ရပါသလဲ၊ ဘယ်လို ဆင်ခြင်နေထိုင်ရမှာလဲ သိချင်ပါတယ်။
ဦးသန့်ဇင်၊ ကျောက်တံတား။

ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ရေယုန်က ဗိုင်းရပ်စ်ပိုးကြောင့် ပေါက်ရတာပါ။ ရေယုန်အရည်ကြည်ဖုလေးတွေထဲ အရည်မှာ ဗိုင်းရပ်စ်ရှိနေတတ်ပါတယ်။ မကြာခဏ ပြန်ဖြစ်တတ်ပါတယ်။ အနာဖြစ်နေတဲ့အချိန်မှာ ကူးစက်နိုင်ခြေရှိတဲ့အတွက် ရေယုန်ကိုကိုင်ပြီးရင် လက်ကို သေချာဆေးကြောရပါမယ်။ ရေယုန်အမြန်ပျောက်အောင် ဗိုင်းရပ်စ်ကု လိမ်းဆေးလိမ်းရပါတယ်၊ အကိုက်အခဲပျောက်ဆေးသောက်ရပါတယ်။ ရာသီဥတုပူလွန်း/အေးလွန်းတဲ့အခါ၊ ပင်ပန်းတဲ့အခါ၊ ကိုယ်ခံအားကျတဲ့အခါ၊ နေပူဒဏ်ခံရတဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါ၊ အအေးမိတဲ့အခါတွေမှာ ရေယုန်ဖြစ်တတ်ပါတယ်။ ရေယုန်ပေါက်ချိန်မှာ ဖြစ်နိုင်ရင် လက်နဲ့ မထိသင့်ပါဘူး။ နေပူရှောင်ရပါမယ်။ လက်သည်းတိုတို ညှပ်ထားရပါမယ်။ ဆေးကုသမှု ခံယူရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top