Healthy Life Ad
Q & A

ရေစီးကမ်းပြိုဖြစ်တယ်ဆိုတာ . . .

မေး ။ ရေစီးကမ်းပြိုဖြစ်တယ်ဆိုတာ ဘာကို ပြောတာပါလဲဆရာ။ ကျွန်တော့်အသက် ၅၀ကျော်ပါပြီ။ သွားဖုံးတွေမကြာခဏ ရောင်တတ်သလို သွေးလည်း မကြာခဏထွက်နေလို့ပါ။ ရေစီးကမ်းပြိုများ ဖြစ်နေမလားလို့ပါ။
Than Than Khine (FB)

သွားနှင့် ခံတွင်းဘက်ဆိုင်ရာဆရာဝန်ကြီးတစ်ဦးဖြေကြားသည်။
ဖြေ ။ ရေစီးကမ်းပြိုဖြစ်ရင် ပါးစပ်ထဲမှာသွေးတွေထွက်တာ၊ သွားဖုံးရောင်တာ၊ သွားဖုံးအနားတွေ အောက်ကိုကျပြီး သွားအမြစ်တွေအထိပေါ်နေတာ၊ အောက်က ဘက်တီးရီးယားအကွက်လွှာတွေပေါ်တာ၊ ခံတွင်းထဲမှာကျောက်တွေ၊ စားကြွင်းစားကျန်တွေ ပေါ်နေတာတွေဖြစ်တတ်ပါတယ်။ လူနာအနေနဲ့ သွားနာတဲ့ဝေဒနာကို ခံစားရတတ်သလို ခံတွင်းနံ့လည်းနံတတ်ပါတယ်။ ကမ်းပါးက နိမ့်ကျပြီးပြိုလာသလို ခံတွင်းထဲက သွေးတွေ၊ အညစ်အကြေးတွေကြောင့် အောက်မှာထိန်းထားတဲ့ သွားမြစ်ဝှမ်းအရိုးတွေကလည်း တဖြည်းဖြည်းနိမ့်ဆင်းသွားပါတယ်။ သွားအရိုးတွေက ပျက်စီးထိခိုက်လာတဲ့အတွက်၊ တဖြည်းဖြည်းရောင်လာတဲ့အတွက် သွားတွေပုပ်ပွတာ၊ လှုပ်တာ၊ ခံတွင်းနံ့နံတာတွေ ဖြစ်လာတတ်ပါတယ်။ အသက်ကြီးလာရင် ရေစီးကမ်းပြိုဖြစ်နိုင်ခြေကများပါတယ်။ ရေစီးကမ်းပြိုရောဂါက အမျိုးသမီးတွေမှာထက် အမျိုးသားတွေမှာပိုအဖြစ်များတတ်ပါတယ်။ အဓိကအားဖြင့် ခံတွင်းသန့်ရှင်းရေးအားနည်းတဲ့သူ တွေမှာပိုဖြစ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top