Healthy Life Ad
Health Tips

ငှက်ပျောခွံ၏ ကျန်းမာရေးအစွမ်း

၊ ငွေကြယ်စင်ယံ ၊

ငှက်ပျောသီးတစ်လုံးမှာ ပရိုတင်းဓာတ်နဲ့ သတ္တုဓာတ်အများအပြားပါဝင်တာကြောင့် တစ်နေ့တစ်လုံးစားသုံးပေးရင် ကျန်းမာရေးကောင်းကျိုးတွေ ရရှိနိုင်သလို သင့်မှာ အောက်ပါဝေဒနာတွေ ရရှိခဲ့ရင်လည်း ငှက်ပျောခွံကြောင့် သက်သာစေနိုင်တဲ့ အစွမ်းရှိပါတယ်။

(၁) အသားအရေ ပြုပြင်ထိန်းသိမ်းခြင်း

သင့်အနေနဲ့ အစားအစာတချို့နဲ့ ဓာတ်မတည့်မှုဖြစ်တတ်ရင် ဓာတ်မတည့်မှုဖြစ်နေတဲ့ အရေပြားအစိတ်အပိုင်းကို ငှက်ပျောသီးခွံနဲ့ ကုသမှုပေးနိုင်ပါတယ်။ လုပ်သင့်တဲ့နည်းလမ်းတွေကတော့ ငှက်ပျောသီးအခွံကိုကြိတ်ပြီး ဓာတ်မတည့်မှုဖြစ်နေတဲ့ အရေပြားနေရာမှာ ပွတ်တိုက်ပေးကာ ခြောက်သွေ့သွားတဲ့အခါမှာ ရေနဲ့ဆေးကြောချလိုက်ပါ။ ငှက်ပျောသီးအခွံကို ညဘက်မှာလိမ်းတာက ပိုသင့်တော်ပါတယ်။

(၂) ဆိုးရီးရေးစစ် အရေပြားရောဂါ

အရေပြားပေါ်မှာ ငါးအကြေးခွံလို အကွက်တွေဖြစ်တဲ့ရောဂါဟာ အရေပြားရောဂါတွေထဲမှာ အဖြစ်များပါတယ်။ အဲဒီအရေပြားရောဂါကို ကုသနိုင်ဖို့ ငှက်ပျောသီးကိုအခွံခွာပြီး ဖြစ်တဲ့အရေပြားပေါ်မှာ ပွတ်တိုက်ပေးပါ။ ဒါဆိုရင် အရေပြားနေရာတွေက သဘာဝအတိုင်း အနာကျက်သွားလိမ့်မယ်။ ငှက်ပျောခွံနဲ့ စတင်လိမ်းလိမ်းချင်း အရေပြားက နီရဲလာပြီး နောက်ပိုင်းမှာ ပုံမှန်လိမ်းရင်း၊ လိမ်းရင်း တဖြည်းဖြည်းနဲ့ အနာကျက်တာကို တွေ့လာရမှာပါ။

(၃) ကြွက်နို့ပေါက်ခြင်

အရေပြားပေါ်က ကြွက်နို့ကို ဖယ်ရှားနိုင်ဖို့ ငှက်ပျောသီးကို အခွံခွာပြီး အခွံကို ပါးပါးလှီးကာ ကြွက်နို့ပေါ်မှာ ၁၀ရက်ခန့် ကပ်ထားပေးပါ။

(၄) ဒဏ်ရာဖြစ်ခြင်း

လဲကျပြီး ဒူးပွန်းသွားတဲ့အခါမှာ ငှက်ပျောခွံကို ဒဏ်ရာတစ်ဝိုက် ပွတ်လိမ်းပေးပါက အနာမြန်မြန်သက်သာကာ ခြောက်သွေ့လာပြီး အမာရွတ်ထင်ခြင်း ကင်းဝေးစေပါတယ်။

(၅) ခေါင်းကိုက်ခြင်း

ခေါင်းကိုက်နေရင်လည်း ငှက်ပျောခွံကို အသုံးပြုနိုင်ပါတယ်။ ငှက်ပျောခွံကို ညက်တဲ့အထိ ကြိတ်ချေပြီး နဖူးနဲ့ နားထင်နေရာတွေပေါ် ကပ်ပေးပါ။

(၆) ခြင်ကိုက်ခြင်း

ခြင်ကိုက်ခံရတဲ့အခါ ခြင်ဖုတွေနဲ့ ယားနေရင် ငှက်ပျောသီးခွံကို ပါးပါးလှီးပြီးကပ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top