Healthy Life Ad
Q & A

သွေးလှူရင်း မူးလဲခြင်း

မေး. သွေးလှူတာ ၁၈ကြိမ်ရှိပါပြီ။ ၁၇ ကြိမ်အထိ ဘာမှမဖြစ်ပါ။ ယခု ၁၈ကြိမ်မှာ မူးလဲသွားပါတယ်။ အိမ်ကိုဆရာဝန်တောင် ပင့်ရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်တာလဲ။ နောက်လှူလို့ရသေးလား သိချင်ပါတယ်။
Yamin Thaung(FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ၁၈ ကြိမ် သွေးလှူတာနဲ့ မူးလဲတာ ဆက်စပ်မှု ရှိ၊ မရှိ အရင်ဆုံးသေချာအောင် စစ်ဆေးသင့်ပါတယ်။ ၁၈ ကြိမ်မြောက်မှာ သွေးလှူလို့ရတယ် ဆိုတာကတော့ မလှူခင်မှာ ဆရာဝန်က စစ်ဆေးပြီးဖြစ်ပါတယ်။ သွေးပေါင် ပြည့်မီတယ်၊ ဟေမိုဂလို ဘင်ပြည့်မီတယ် . . ဒါမှပဲ သွေးလှူလို့ရတဲ့အတွက် သွေးလှူတဲ့အချိန်မှာ သွေးပေါင်လည်းကောင်းတယ်၊ သွေးအားဟေမိုဂလိုဘင်လည်း ပြည့်တယ်လို့ ယူဆပါတယ်။ မူးလဲတယ်ဆိုတာက ဘာကြောင့်ဖြစ်တာလဲဆိုတဲ့အကြောင်း ရှာသင့်ပါတယ်။

သွေးလှူပြီး ရုတ်တရက်ထလိုက်တဲ့အခါ Postural Hypotension ကြောင့် သွေးပေါင်ရုတ်တရက်ကျပြီး ဦးနှောက်ထဲ သွေးမရောက်ရာက မူးပြီးလဲကျတတ်ပါတယ်။ ဒါပေမဲ့ ဒါက ယာယီသဘောပဲဖြစ်ဖို့ များပါတယ်။ နားလိုက်တယ်၊ သွေးပေါင်က ပုံမှန်ပြန်ပြည့်လာတယ်ဆိုရင်တော့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ သွေးလှူလို့ ရ၊ မရဆိုတာ အရင်က ၁၈ ကြိမ်တောင် သွေးလှူပြီးသားဖြစ်တယ်၊ ကိုယ်ကလည်း နေထိုင်စားသောက်မှုမှန်တယ်၊ သွေးပေါင်လည်းကောင်းတယ်၊ သွေးအားလည်း ပြည့်တယ်ဆိုရင် နောက်ထပ် သွေးလှူလို့ ရပါတယ်။ အဓိကကတော့ ၁၈ ကြိမ်မြောက် သွေးလှူပြီးချိန်မှာ မူးလဲသွားတဲ့ အကြောင်းရင်းကို ဆန်းစစ်ဖို့ပဲဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top