Healthy Life Ad
Q & A

ဘီပိုးသေဆေး သောက်နေရင် ဆင်ခြေထောက် ကာကွယ်ဆေး သောက်လို့ရလား . . .

မေး. ဘီပိုးသေဆေး သောက်နေရလို့ ဆင်ခြေထောက် ကာကွယ်ဆေးသောက်လို့ရပါလား။
KyawLin (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဘီပိုးသေဆေးဆိုတာ အများအားဖြင့် သုံးမျိုးလောက်ရှိတော့ ဘယ်အမျိုးအစား သောက်နေရသလဲဆိုတာ မသိဘူး။ အခုတိုက်ကျွေးနေတဲ့ ဆင်ခြေထောက်ကာကွယ်ဆေး မတိုက်ခင်မှာ ဘယ်ဆေးတွေနဲ့ မတည့်ဘူးဆိုတာ ပြောလေ့ရှိပါတယ်။ ဆရာသိသလောက်တော့ ဆင်ခြေထောက်ကာကွယ်ဆေးက ဆေးအတော်များများနဲ့ မတည့်တာမရှိဘူးလို့ သိထားပါတယ်။ ဒါပေမဲ့ အကောင်းဆုံးက ကိုယ့်ကို ဘီပိုးကုသပေးနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top