Healthy Life Ad
Life Style

လူငယ်တွေ ဘဝမှာ အောင်မြင်ပျော်ရွှင်စေဖို့ အသက် ၈၀ အရွယ်တွေပေးတဲ့ အကြံပြုချက် ၁၀

၊ ကိုမိုး ၊

ဘဝမှာ ကျန်းမာအောင်မြင်ပျော်ရွှင် အေးချမ်းမှုရှိရှိ နေထိုင်နိုင်စေဖို့ အသက် ၈၀ အရွယ် ဘိုးဘိုးဘွားဘွားတွေက လူငယ်လူရွယ်တွေကို အခုလိုအကြံပြုချက် ၁၀ ရပ် မျှဝေထားပါတယ်။

(၁) အလောတကြီး မလုပ်ပါနဲ့။ အစဉ်တစိုက် ပုံမှန်လုပ်ဆောင်ပါ။ ဆိုလိုတာက ကောက်ရိုးမီး မဖြစ်ပါစေနဲ့၊ ဖွဲမီး ဖြစ်ပါစေ။

(၂) ဗဟုသုတကို ရှာမှီးပါ။ ရလဒ်ကို ချက်ချင်းမလိုချင်ပါနဲ့။ ဒါက ရေရှည်မှာ ပိုပြီး တိုးတက်မှု ရရှိစေပါတယ်။

(၃) ပျော်စရာကောင်းတဲ့ ခရီးတွေကို မကြာခဏသွားပေးပါ။ အမြင်သစ်၊ အတွေးသစ်နဲ့ အကြံသစ်တွေရရှိစေပါတယ်။

(၄) အဆိုးမြင်အတွေးနဲ့ ရှေးရိုးစွဲ အတွေးတွေကိုရှောင်ပါ။ တက်ကြွဖျတ်လတ်တဲ့ အတွေးတွေနဲ့ လက်ရှိကာလမှာ နေထိုင်ပါ။

(၅) ကိုယ့်အနာဂတ်ကို ပုံဖော်ကြည့်ပါ။ ကျန်းမာဖျတ်လတ် အောင်မြင်တက်ကြွတဲ့ လူတစ်ယောက်အဖြစ် မြင်ယောင်လေလေ၊ ကျန်းမာတဲ့ နေထိုင်မှုပုံစံအတိုင်း နေဖြစ်လေလေပါပဲ။

(၆) ကိုယ့်ကိုယ်ကိုယ် အသနားမပိုပါနဲ့။ အသနားပိုရင် ပျင်းရိလေးလံပြီး အချိန်တွေ အလဟသ ဖြစ်သွားတတ်ပါတယ်။

(၇) အသစ်ကို ဆန်းသစ်တီထွင်ပါ။ အနှောင့်အယှက်၊ အဟန့်အတားတွေကို မကြောက်ပါနဲ့။

(၈) တခြားသူအပေါ် မမှီခိုပါနဲ့။ အထူးသဖြင့် စိတ်ကလည်း လွတ်လပ်ပေါ့ပါးနေပါစေ။

(၉) တစ်ပတ်စာ၊ တစ်လစာ စသဖြင့် အစီအစဉ် ရေးဆွဲထားပါ။ တစ်နှစ်စာအထိ အစီအစဉ်ချထားနိုင်လေလေ၊ ပိုအောင်မြင်လေလေပါပဲ။

(၁၀) ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ်တာ၊ တရားထိုင်တာ စတဲ့ နည်းတွေနဲ့ စိတ်ရောကိုယ်ပါ အပန်းဖြေပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top