Healthy Life Ad
Men

သင့်မျက်နှာနဲ့လိုက်တဲ့ မျက်မှန်ရွေးချယ်ရအောင်

၊ လရိပ်မေ ၊

မျက်မှန်ရွေးချယ်တော့မယ်ဆိုရင် ကိုယ်နဲ့လိုက်ဖက်တဲ့ မျက်မှန်အမျိုးအစားကိုတပ်ပေးမှ ပိုကြည့်ကောင်းနေမှာပါ။

သင့်မျက်နှာက လေးထောင့်ကျလျှင်

– မျက်မှန်အဝိုင်း ဒါမှမဟုတ် ဘဲဥပုံမျက်မှန်ကိုင်းကို ရွေးချယ်ပါ။

– မျက်မှန်ကိုင်းအရောင်က ခပ်ရင့်ရင့် ဒါမှမဟုတ် အနက်ရောင်ဖြစ်ပါစေ။

ဘာကြောင့်လဲ

ဒါမှသာ ခိုင်မာတဲ့ သင့်မျက်နှာပုံစံကို ပြေလျော့သွားမှာဖြစ်ပြီး လိုက်ဖက်နေမှာပါ။

သင့်မျက်နှာက နှလုံးပုံဖြစ်လျှင်

– ဘဲဥပုံမျက်မှန်နဲ့ ဝိုင်းတဲ့မျက်မှန်ကိုရွေးချယ်ပါ။

– မျက်မှန်ကိုင်းပါးပါး၊ အရောင်ဖျော့ဖျော့ရွေးချယ်ပါ။

ဘာကြောင့်လဲ

မျက်နှာအကျယ်ကို ဟန်ချက်ညီမျှ သွားစေပါတယ်။ အရောင်ဖျော့ဖျော့ မျက်မှန်ကိုင်းသုံးတာကြောင့် မေးရိုးကျဉ်းတာကို ပြေသွားစေပါတယ်။

သင့်မျက်နှာက ဘဲဥပုံဖြစ်လျှင်

– ဘယ်မျက်မှန်ကိုင်းနဲ့မဆို လိုက်ပါတယ်။ လေးထောင့် ဒါမှမဟုတ် မျက်မှန်အဝိုင်းနဲ့ ပိုကြည့်ကောင်းပါတယ်။

– အရောင်ရင့်ရင့်၊ ဖျော့ဖျော့မျက်မှန်ကိုင်းနဲ့ လိုက်ပါတယ်။

ဘာကြောင့်လဲ

မျက်နှာပုံစံက ကြည့်ကောင်းတဲ့အတွက် ကိုယ်နဲ့အဆင်ပြေတဲ့ မျက်မှန်ကိုင်းကို ရွေးတပ်နိုင်ပါတယ်။

သင့်မျက်နှာက ဝိုင်းလျှင်

– လေးထောင့် ဒါမှမဟုတ် ထောင့်ကျတဲ့ မျက်မှန်ကိုင်းနဲ့ လိုက်ပါတယ်။

– မထူမပါး မျက်မှန်ကိုင်းနဲ့ လိုက်ပါတယ်။

ဘာကြောင့်လဲ

ဝိုင်းတဲ့ မျက်နှာကို ပြေလျော့သွားစေလို့ပါ။

သင့်မျက်နှာက စိန်ပုံဖြစ်လျှင်

– ဘဲဥပုံ မျက်မှန်ကိုင်း ဒါမှမဟုတ် ကိုင်းပျောက်မျက်မှန်နဲ့ လိုက်ပါတယ်။

– မျက်မှန်ကိုင်းထူထူနဲ့ လိုက်ပါတယ်။

ဘာကြောင့်လဲ

မျက်နှာပုံစံကို ဟန်ချက်ညီသွားစေပြီး ပိုကြည့်ကောင်းစေလို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top