Healthy Life Ad
Q & A

တင်းတိပ် မဖြစ်အောင် . . .

မေး. ကျွန်မ တင်းတိပ်ဖြစ်မှာ အရမ်းကြောက်ပါတယ်။ တင်းတိပ်မဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲရှင့်။
Lwin Lwin(FB)

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. နေရောင်ကို တတ်နိုင်သမျှ ကာကွယ်ရပါမယ်။ မနက်ဆယ်နာရီနဲ့ ညနေသုံးနာရီကြား နေရောင်ဟာ အပြင်းထန်ဆုံးဖြစ်လို့ ဒီလိုအချိန်မှာ နေရောင်တိုက်ရိုက်ထိတွေ့တာကို ရှောင်သင့်ပါတယ်။ နေရောင်ကာခရင်မ်၊ သနပ်ခါးတို့ကို နေရောင်ကာကွယ်ဖို့သုံးရပါမယ်။ နေရောင်ကာခရင်မ်ဟာ နေရောင်ထဲမထွက်ခင် မိနစ် ၂၀ လောက်မှာ ကြိုတင်လိမ်းထားရပါမယ်။ နှစ်နာရီခြားတစ်ခေါက် ပြန်လိမ်းရပါမယ်။ သနပ်ခါးကတော့ ပါးကွက်လေးကွက်တင်ထားရင် သနပ်ခါးမှုန်လေးတွေ ဆက်ပြီး နေရောင်ကို ကာကွယ်ပေးတတ်ပါတယ်။ နေရောင်နဲ့ဆက်ပြီး နေရောင်ကို ကာကွယ်ပေးတတ်ပါတယ်။ နေရောင်ကိုမကာကွယ်တတ်ရင် နေရောင်နဲ့ဆက်ပြီး နေ့စဉ်ထိတွေ့နေမယ်ဆိုရင် ဘယ်လိုနေရောင်ကာ ခရင်မ်ကိုသုံးသုံး တင်းတိပ်က ကုရခက်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top