Healthy Life Ad
Health Tips

သင့်မျက်နှာက ဖော်ပြနေသည့် သင့်ကိုယ်တွင်းကျန်းမာရေး

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကြီးမားတဲ့နှာခေါင်း၊ မျက်နှာပေါ်က အရေးကြောင်းတွေ အစရှိတဲ့ မျက်နှာသွင်ပြင်ပြောင်းလဲမှုက သင့်ကျန်းမာရေးအတွက် သဲလွန်စပေးနေတဲ့ အရာတွေ ဖြစ်ပါတယ်။ ဥပမာ-မျက်စိပြူးထွက်လာတာက သိုင်းရွိုက်ရောဂါ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

မျက်ဝန်း – မျက်နက်ဝန်းတွင် အဖြူကွင်းပေါ်ခြင်

သွေးကြောထဲမှာ ကိုလက်စထရော မြင့်တက်နေရင် မျက်နက်ဝန်းမှာ အဖြူကွင်းပေါ်နိုင်ပါတယ်။ ကိုလက်စထရောများတဲ့ တခြားလက္ခဏာက မျက်ဝန်းအဖြူပေါ်မှာ အဆီခဲငယ်တွေ ကပ်ငြိနေတတ်ပါတယ်။ မျက်ခွံနဲ့ မျက်ဝန်းတစ်ဝိုက်ရှိ အရေပြားမှာ အဆီခဲငယ် ဒါမှမဟုတ် ဝက်ခြံဖုငယ်ရှိတာဟာ ကိုလက်စထရောများတဲ့ လက္ခဏာပါ။ ကိုလက်စထရောများတဲ့အခါ သွေးကြောထဲမှာ အဆီခဲပိတ်ဆို့နိုင်ခြေ များတဲ့အတွက် နှလုံးရောဂါထတာ (Heart Attack) ဒါမှမဟုတ် လေဖြတ်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

မျက်ခွံတွဲကျခြင်း

မျက်ခွံတွဲကျတာက မျက်စိကို ထောက်ပံ့နေတဲ့နာ့ဗ်ကြော ထိခိုက်မှုဖြစ်တဲ့ Bell’s Palsy လက္ခဏာတစ်ရပ်ပါ။ Bell’s Palsy ဆိုတာ နာ့ဗ်ကြောရောင်ရမ်းမှု ဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုးနဲ့ ဆက်နွှယ်နေပါတယ်။ ရှားရှားပါးပါး လေဖြတ်တာကို ဖြစ်စေနိုင်ပါတယ်။

alignnone size-medium wp-image-61308
ပါးစပ် – သွားတိုခြင်း

အစာအိမ်ထဲက အက်စစ်တွေ အထက်ဆန်တက်တဲ့ Acid Reflux ဖြစ်စဉ်ကြောင့် သွားတွေပိုမိုပါးလျတာနဲ့ သွားတွေပိုတိုတာတို့ ဖြစ်တတ်ပါတယ်။ အစာအိမ်အက်စစ်တွေက အမြှူပ်ထအချိုရည်ထက်ပိုပြီး သွားတွေကို ထိခိုက်စေနိုင်ပါတယ်။

လျှာမည်းခြင်း

လျှာမျက်နှာပြင်ရှိ သေးငယ်တဲ့အဖု Papillae တွေက ပုံမှန်အတိုင်း မကြွေကျတဲ့အခါ ဘက်တီးရီးယားပိုးတွေ စုပုံပြီး လျှာအရောင်မည်းတာနဲ့ အမွှေးထူတာတို့ ဖြစ်တတ်ပါတယ်။ ဒါက ခံတွင်းသန့်ရှင်းရေးမကောင်းတာ၊ ဆေးလိပ်သောက်တာနဲ့ ပဋိဇီဝပိုးသတ်ဆေး သောက်သုံးပြီးတဲ့အခါတွေမှာ ဖြစ်တတ်ပါတယ်။ လျှာကို ပုံမှန်တိုက်ပေးတာနဲ့ ခံတွင်းသန့်ဆေးရည်နဲ့ ပလုတ်ကျင်းတာတို့ကြောင့် လျှာမည်းတာကို သက်သာစေနိုင်ပါတယ်။

အရေပြား – အသားဝါခြင်း

အရေပြားနဲ့ မျက်လုံးဝါတာက ဆီးချိုရောဂါ၊ သွေးတိုးတာတို့အတွက် ကုသဆေးမှီဝဲတာတို့လို တချို ့ဆေးကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်တတ်ပါတယ်။ အသားဝါတာက တစ်ခါတလေ အသည်းထိခိုက်မှုကြောင့် ဖြစ်တတ်ပါတယ်။

အညိုရောင်အကွက်များ ပေါ်ခြင်း

မျက်နှာပေါ်မှာ အညိုရောင် ဒါမှမဟုတ် အညိုရင့်ရောင်အကွက်တွေ ပေါ်တာက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ၁၀ ဆ ပိုအဖြစ်များပါတယ်။ အညိုကွက်တွေထင်ရတာက အီစထရိုဂျင်ဟော်မုန်းကြောင့် ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အခါ ဒါမှမဟုတ် ပဋိသန္ဓေတားဆေး မှီဝဲတဲ့အခါ ဖြစ်တတ်ပါတယ်။ နေရောင်ခြည်ရှိ ခရမ်းလွန်ရောင်ခြည်အေထိခိုက်မှုကြောင့် မျက်နှာပေါ်မှာ အညိုကွက် ပိုဖြစ်ပေါ်တတ်ပါတယ်။

အရေးကြောင်းထင်ခြင်း

မျက်နှာပေါ်မှာ အရေးကြောင်းနက်နက်တွေ ထင်တာက အရိုးပါးရောဂါ လက္ခဏာတစ်ရပ် ဖြစ်နိုင်တယ်လို့ အမေရိကန် လေ့လာမှုအရ သိရပါတယ်။ အသက် ၄၀၊ ၅၀ သွေးဆုံးပြီး အမျိုးသမီး ၁၁၄ ဦးကို လေ့လာမှုအရ အရေးကြောင်းအထင်ဆုံး အမျိုးသမီးတွေက အရိုးပါး၊ အရိုးကျိုးနိုင်ခြေ အများဆုံးဖြစ်တာကို တွေ ့ရပါတယ်။ ကော်လာဂျင်ထိခိုက်မှုဟာ အရေပြားအိုမင်းစေသလို အရိုးတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။

alignnone size-medium wp-image-61309
နားရွက် – နားပန်တွင် တွန့်ရာထင်ခြင်း

နားပန်မှာ ထောင့်ဖြတ်အတွန့်ရာ ထင်ရတာဟာ နှလုံးရောဂါဖြစ်နိုင်ခြေ များတဲ့အချက်ဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။ ဘယ်လိုဆက်စပ်မှု ရှိတယ်ဆိုတာ မရှင်းလင်းသေးပါဘူး။ လူ ၂၅၃ ဦးကို လေ့လာမှုအရ နားရွက်မှာ မြင်နိုင်တဲ့ အစင်းရာရှိသူတွေက သွေးလွှတ်ကြောပိတ်ဆို့နိုင်ခြေ ၁၀ ရာခိုင်နှုန်း ပိုများကြောင်း သိရပါတယ်။

alignnone size-medium wp-image-61310
ဆံပင် – ဆံပင်ပါးခြင်း

အမျိုးသမီးတွေမှာ ဆံပင်ပါးတာက သိုင်းရွိုက်အတက်ကြွလွန်တဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ ထိပ်ပြောင်ရတာက သံဓာတ်ချို ့တဲ့တာကြောင့် ဖြစ်တတ်ပါတယ်။ အကြောင်းကတော့ သံဓာတ်က ဆံပင်ဆဲလ်တွေ ထွက်ရှိရေးအတွက် အရေးပါတဲ့ ဖီရာတင်ပရိုတင်းနဲ့ ပေါင်းစပ်နိုင်လို့ပါ။

မျက်နှာပေါ်တွင် အမွေးထူခြင်း

ယူကေရှိ အမျိုးသမီး ၂၀ ဦးမှာ တစ်ဦးကျော်ဟာ သားဥအိမ်က သားဥမကြွေနိုင်တဲ့ ရောဂါစု ခံစားနေရပြီး အန်ဒရိုဂျင်ဟော်မုန်းအဆင့် မြင့်တက်တာကြောင့် မျက်နှာမှာ အမွေးထူတာနဲ့ ဝက်ခြံပေါက်တာတို့ကို ဖြစ်စေနိုင်ပါတယ်။ မျက်နှာအမွေးထူတာက သွေးဆုံးတော့မယ့် လက္ခဏာလည်း ဖြစ်တတ်ပါတယ်။

မျက်ခုံးပါးခြင်း

မျက်ခုံးမရှိတာက သိုင်းရွိုက်အလုပ်မလုပ်တဲ့ လက္ခဏာတစ်ရပ်ပါ။ သိုင်းရွိုက်က ဆံချည်မျှင်အိတ်အတွက် အရေးပါတဲ့ သိုင်ရိုဇင်းဟော်မုန်းကို အလုံအလောက် မထုတ်နိုင်လို့ ဖြစ်တတ်ပါတယ်။

ပါးပြင် – ပါးပြင်နီမြန်းခြင်း

မျက်နှာနီမြန်းတာက အရေပြားရောင်ရမ်းတဲ့ Rosacea လို အရေပြားပြဿနာရဲ ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်သလို ကိုယ်တွင်းဝေဒနာတစ်ခုခုရဲ ့ ပြဿနာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- ကော်တီစောဟော်မုန်းပမာဏ လွန်ကဲတဲ့ Cushing’s Syndrome လည်း ပါဝင်ပါတယ်။ ကော်တီစောဟော်မုန်းဟာ သွေးကြောတွေကို ရောင်ရမ်းစေပြီး ခန္ဓာကိုယ်အပေါ် ပိုင်း၊ အထူးသဖြင့် မျက်နှာနဲ့ ရင်ဘတ်က သွေးကြောတွေကို အဓိက ထိခိုက်မှုရှိစေတာကြောင့် ဖြစ်နိုင်ပါတယ်။

ပါးပြင်ခရမ်းရောင်ဖြစ်ခြင်း

ပါးပြင်ပြာနှမ်းတာ ဒါမှမဟုတ် ခရမ်းရောင်ဖြစ်တာဟာ သွေးထဲမှာ အောက်ဆီဂျင်အဆင့် လျော့နည်းလို့ပါ။ သွေးလွှတ်ကြောထဲ သွေးတိုးတာကြောင့် အောက်ဆီဂျင်ပါတဲ့ သွေးတွေဟာ ခန္ဓာကိုယ်အနှံ့ အလုံအလောက်မရောက်ရှိတဲ့အတွက် ဖြစ်နိုင်ပါတယ်။ သွေးနီဥမှာ အောက်ဆီဂျင်နည်းတဲ့အတွက် အောက်ဆီဂျင်မပါတဲ့သွေးဟာ အပြာရောင် ဒါမှမဟုတ် ခရမ်းရောင်သမ်းစေပါတယ်။ သွေးထဲမှာ အောက်ဆီဂျင်နည်းတာက နာတာရှည်အဆုတ်ရောဂါနဲ့ နှလုံးရောဂါ အမျိုးအစားတချို့နဲ့ ဆက်စပ်နေပါတယ်။

ပါးပြင်နီမြန်းခြင်း

နှာခေါင်းနဲ့ ပါးပြင်မှာ လိပ်ပြာပုံစံ နီမြန်းတဲ့ အကွက်ပေါ်တာက ကိုယ်ခံအားလွန်ကဲတဲ့ Autoimmune ရောဂါတစ်မျိုး Lupus ရဲ ့လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ နုံးချည့်တာနဲ့ အဆစ်နာတာနဲ့ တွဲဖြစ်တတ်ပါတယ်။ ဒီအခြေအနေက နေရောင်ခြည်နဲ့ ဆက်စပ်နေပြီး နွေဦးရာသီနဲ့ နွေရာသီမှာ ပေါ်လာတတ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အေက အရေပြားဆဲလ်တွေကို ထိခိုက်တဲ့အခါ ကိုယ်ခံအားစနစ်က အလွန်အမင်း တုံ့ပြန်မှုဖြစ်တာကြောင့် ဖြစ်ရတာပါ။ မျက်နှာပေါ်မှာ ခရမ်းရောင်အကွက် ထင်တတ်သလို တစ်ခါတလေ ဦးရေပြားနဲ့ မျက်စိမှာလည်း ဖြစ်တတ်ပါတယ်။ ပါးပြင်ခရမ်းရောင်ဖြစ်တဲ့ အခြေအနေက ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာတို့နဲ့ အလွန်ရှားရှားပါးပါး ဆက်စပ်နေတတ်ပါတယ်။

နှာခေါင်း – နှာခေါင်းရှိအဖုများ

ဒါက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ အလုံးအဖုဖြစ်စေတဲ့ Sarcoidosis ဆိုတဲ့ ရှားပါးတဲ့ အခြေအနေပါ။ နှာခေါင်းနဲ့ နားရွက်မှာ အနီဖုတွေ အရင်ဆုံး ဖြစ်ပေါ်တတ်ပါတယ်။

နှာခေါင်းကြီးခြင်း

နှာခေါင်းကြီးတဲ့သူတွေက ကူးစက်ပိုးဝင်နိုင်ခြေ နည်းပါတယ်။ အမေရိကန် လေ့လာမှုတစ်ခုအရ ပိုကြီးမားတဲ့ နှာခေါင်းရှိသူတွေဟာ ပိုးမွှားနဲ့ ဘက်တီးရီးယားတွေကို ကောင်းကောင်းဟန့်တားနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ အကြောင်းကတော့ ပိုကြီးမားတဲ့ နှာခေါင်းရှိတာကြောင့် နှာခေါင်းအမွေးအမှင်တွေ ပိုရှိပြီး အဆုတ်ထဲကို ပိုးမွှားတွေ မဝင်ရောက်အောင် ပိတ်ပင်ဟန့်တားနိုင်စွမ်းရှိလို့ ဖြစ်ပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top