Healthy Life Ad
International

ကိုယ်ဝန်ဆောင်ချိန်တွင် အမျိုးသမီးလေးယောက်အနက် တစ်ယောက်၌ စိတ်ကျန်းမာရေး ပြဿနာ ခံစားနေရ၏

လန်ဒန်ကင်းကောလိပ်ရဲ့ လေ့လာမှုအသစ်အရ ကိုယ်ဝန်ဆောင်အမျိုးသမီးလေးပုံတစ်ပုံဟာ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ကျန်းမာရေး ပြဿနာခံစားနေရတယ်လို့ သိရပါတယ်။

၂၀၁၄နိုဝင်ဘာနဲ့ ၂၀၁၆ ဇွန်လအကြား အရှေ့တောင်လန်ဒန်မှာ ကိုယ်ဝန်အပ်နှံနေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၅၄၅ ဦးကို လေ့လာခဲ့ပြီး သားဖွားဆရာမတွေက အမျိုးသမီးတွေကို စိတ်ခံစားမှုဆိုင်ရာ မေးခွန်းနှစ်ခုကို မေးမြန်းခဲ့ပါ တယ်။ လေ့လာမှုရလဒ်အရ အမျိုးသမီးလေးဦး အနက်တစ်ဦးဟာ ကိုယ်ဝန်ဆောင်ချိန်အတွင်း စိတ်ကျန်းမာရေးပြဿနာတွေ ခံစားနေရတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေအနက် စိတ်ကျရောဂါခံစားရသူ ၁၁ ရာခိုင်နှုန်း၊ စိုးရိမ်သောက ခံစားရသူ ၁၅ ရာခိုင်နှုန်း၊ အစာစားချင်စိတ်ဝေဒနာ ခံစားရသူ ၂ ရာခိုင်နှုန်းနဲ့ အပြုအမူတစ်ခုကို ထပ်တလဲလဲပြုလုပ်တဲ့ စိတ်ဝေဒနာခံစားရသူ ၂ ရာခိုင်နှုန်းတို့ရှိကြောင်းနဲ့ အများစုဟာ ရောထွေးစိတ်ဝေဒနာ ခံစားနေရတာကို တွေ့ရှိခဲ့ရတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

“ကိုယ်ဝန်ဆောင်ချိန်က ပြောင်းလဲမှုတွေ အများကြီးဖြစ်တဲ့အချိန်ပါပဲ။ အမျိုးသမီးတစ်ယောက်အတွက် ပူပင်သောကတွေ ဖြစ်လာသလို ကလေးကို ကောင်းကောင်းမွန်မွန် ပျိုးထောင်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ဖြစ်တ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လွယ်တဲ့အချိန် ကာလလည်းဖြစ်ပါတယ်”လို့ လေ့လာသူ ဒေါက်တာရိုစန်က ဆိုပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောနဲ့ အဒရီနယ်လင်အပြောင်းအလဲတွေလည်း ဖြစ်တတ်တာကြောင့် စိတ်ဖိစီးမှု ပိုမိုခံစားရတတ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top