Healthy Life Ad
Q & A

ဈေးကြီးတဲ့အရက်သောက်ရင် ကျန်းမာရေး ထိခိုက်နိုင်သလား

မေး. ဈေးကြီးတဲ့ နိုင်ငံခြားဖြစ်အရက်သောက်ရင်ကော ကျန်းမာရေး ထိခိုက်နိုင်ပါသလား ခင်ဗျ။
KO(FB)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အရက်ကတော့ ဘယ်အရက်မှ မသောက်သင့်ပါဘူး။ အရက်ကို မသောက်ရ မနေနိုင်လို့ သောက်မယ်ဆိုရင် တစ်နေ့ကို ယောကျာ်းလေးတစ်ယောက်က ၂ ပက် (44ml)ပဲ သောက်သင့်ပါတယ်။ စနစ်တကျ ချက်ထားတဲ့အရက်ဆိုရင်တော့ တော်သေးတာပေါ့။ စနစ်တကျချက်မထားဘဲ ပေါက်ကရ ချက်ထားရင်တော့ ကျန်းမာရေးကို ပိုထိခိုက်နိုင်တာပေါ့။ ဒါပေမဲ့ အရက်တိုင်းကတော့ မသောက်ရင် အကောင်းဆုံးပါပဲ။ သောက်ချင်ရင် အမျိုးသားတွေမှာ တစ်ရက်ကို နှစ်ပက်ထက် ပိုမသောက်သင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top