မေး. ခြစ်ရာ၊ ရှရာဖြစ်လို့ သွေးထွက်ရင် သွေးမတိတ်လွယ်လို့ပါ။ သွေးတိတ်လွယ်အောင် ဘယ်လိုအစားအသောက်တွေ စားသင့်ပါသလဲ။
Ma Mie(FB)
ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။
ဖြေ. ဗီတာမင်ကေ ချို့တဲ့နေသလားဆိုတာကို စစ်ဆေးကြည့်သင့်ပါတယ်။ ဗီတာမင်ကေပါဝင်မှုများတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို များများ စားပေးရပါမယ်၊ အစေ့အဆန်တွေကို များများစားပေးရပါမယ်။ လေ့ကျင့်ခန်းများများလုပ်ပေးရပါမယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)