Healthy Life Ad
International

ဆေးလိပ်သောက်သူ၏ အဆုတ်သန့်စင်စေမည့် ဆေးဖက်ဝင်အရည်တစ်မျိုးကို လေ့လာသူတို့မျှဝေ

၊ ကိုထက် ၊

ဆေးလိပ်သောက်တာကြောင့် အဆုတ်ထိခိုက်မှုမဖြစ်အောင် ဆေးလိပ်ဖြတ်တာက အကောင်းဆုံးဖြစ်ပေမယ့် ဆေးလိပ်မဖြတ်နိုင်သေးသူတွေအတွက် အဆုတ်သန့်စင်စေမယ့် ဆေးဖက်ဝင်အရည်တစ်မျိုးကို လေ့လာသူတွေက မျှဝေလိုက်ပါတယ်။

အဆုတ်သန့်စင်စေမယ့် ဆေးဖက်ဝင်အရည်မှာ ချင်း(ဂျင်း)၊ ကြက်သွန်နီ၊ ဆနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ရေတစ်လီတာ၊ သဘာဝအချို (စတီးဗီးယားအရွက်နဲ့လုပ်တဲ့ သကြား)နဲ့ ပျားရည်တို့ ပါဝင်နေပါတယ်။ ပြုလုပ်ရမယ့်နည်းက ရေထဲကို သဘာဝအချိုထည့်ပြီး ဆူပွက်အောင်ကျိုပါ။ ပြီးရင် ချင်း(ဂျင်း)နဲ့ ကြက်သွန်နီကို ညက်အောင်လှီးပြီး ရေထဲကို ထည့်မွှေပါ။ ခဏအအေးခံထားပါ။ ရေထဲ ဆနွင်းမှုန့်အနည်းငယ်ထည့်ပြီး ခြောက်မိနစ်ကြာ ပျော်ဝင်အောင်ထားပါ။ ရေခဲသေတ္တာထဲ မသိမ်းခင် အအေးခံထားပါ။ ရလာတဲ့အရည်ကို တစ်နေ့ ထမင်းစားဇွန်းနှစ်ဇွန်းစီ မနက်တစ်ခါ၊ ညတစ်ခါ သောက်ပေးရမှာ ဖြစ်ပါတယ်။

အဆုတ်နဲ့ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာရှိရင်တော့ ဒီနည်းမသုံးခင် ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဆေးလိပ်သောက်တာကြောင့် ရောဂါဝေဒနာအများစုကို ဖြစ်စေနိုင်ပြီး လည်ချောင်း၊ လျှာနဲ့ အဆုတ်အပါအဝင် အသက်ရှူလမ်းကြောင်းစနစ်ကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါနဲ့ အဆုတ်ပွလေပြွန်ကျဉ်းရောဂါလို အသက်ရှူခက်ခဲတဲ့ ဝေဒနာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်သူတွေက မသောက်သူတွေနဲ့ယှဉ်ရင် အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါဝေဒနာနဲ့ သေဆုံးနိုင်ခြေ ၁၂-၁၃ ဆ ပိုများပါတယ်။

ဆေးလိပ်သောက်သူတွေမှာ အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာနဲ့ အစာရေမျိုပြွန်ကင်ဆာတို့ အဖြစ်များနေပြီး အထွေထွေကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အမျိုးသမီးတွေ ဆေးလိပ်သောက်ရင် မျိုးအောင်နိုင်စွမ်းလျော့ကျပြီး ကိုယ်ဝန်ဆောင်ချိန်ဆေး လိပ်သောက်ရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေများပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တတ်ရင် ဖြတ်တာကတော့ ကျန်းမာရေးအတွက် အသင့်တော်ဆုံးဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဆေးလိပ်သောက်တာကြောင့် တစ်နှစ်မှာ လူလေးသိန်းရှစ်သောင်းခန့် သေဆုံးနေတယ်လို့ အမေရိကန်စစ်တမ်းအရ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top