Healthy Life Ad
Health Tips

ကျန်းမာပြီးအသက်ရှည်ရေးအတွက် ပုံမှန် လုပ်ဆောင်သင့်သည့် အခြေခံ အချက် ၁၀

၊ လရိပ်မေ ၊

ကျန်းမာတဲ့ နေထိုင်မှုပုံစံဟာ ဆေးဝါးတွေ မှီဝဲနေတာထက် ကျန်းမာရေးကို ပိုမိုအထောက်အကူဖြစ်စေပြီး အသက်ရှည်ရှည်၊ ကျန်းကျန်းမာမာနဲ့ နေနိုင်မှာဖြစ်ပါတယ်။ အောက်ပါအချက်တွေကတော့ ကျန်းမာတဲ့ နေထိုင်မှုပုံစံဖြစ်စေဖို့ လိုအပ်တဲ့ အခြေခံအချက်တွေ ဖြစ်ပါတယ်။

၁။ ကျန်းမာရေးနဲ့ သင့်တော်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်ကိုသာ စားပါ။

၂။ အချိုရည်တွေကိုလျှော့သောက်ပါ။ အချို ရည် အစားသစ်သီးဖျော်ရည်နဲ့ ရေသန့်ကိုသာ သောက်ပေးပါ။

၃။ ဖြစ်နိုင်ရင် သဘာဝနည်းနဲ့ စိုက်ပျိုးထားတဲ့ အပင်ထွက် အစာတွေကို ရွေးစားပါ။ စူပါမားကတ်တွေမှာရှိတဲ့ အသီးအနှံ ၇၀ ရာခိုင်နှုန်းဟာ မျိုးရိုးဗီဇကိုပြုပြင်ပြီး စိုက်ပျိုးထားတာ ဖြစ်နေပါတယ်။ ဒါကြောင့် အပင်စိုက်တဲ့ခြံတွေဆီ သွားဝယ်တာ အကောင်းဆုံးပါ။

၄။ ကျန်းမာရေးအတွက် သင့်တော်တဲ့ အဆီတွေဖြစ်တဲ့ အုန်းဆီစစ်စစ်၊ သံလွင်ဆီ၊ ဥနဲ့ အခွံမာသီးတွေကို စားပေးပါ။

၅။ သေချာရေဆေးသန့်စင်ထားတဲ့ အရွက်စိမ်းတွေများများစားပေးပါ။

၆။ လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပေးပါ။

၇။ ဗီတာမင်-ဒီ ရရှိဖို့အတွက် လုံလောက်တဲ့ နေရောင်ခြည်ထိတွေ့မှုရှိနေပါစေ။

၈။ လုံလောက်စွာ အိပ်စက်အနားယူပါ။

၉။ စိတ်ဖိစီးမှုကို လျှော့ချပါ။

၁၀။ ခန္ဓာကိုယ်အတွင်း မလိုလားအပ်တဲ့ ဓာတ်တွေနဲ့ အဆိပ်တွေ ရှိမနေစေဖို့ ရေများများ သောက်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top