Healthy Life Ad
Health Tips

အပျိုဖော်ဝင်လာချိန်မှာ ကိုယ်နံ့ကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေရန်

၊ လရိပ်မေ ၊

အပျိုဖော်ဝင်လာချိန်မှာ ချွေးထွက်တဲ့အခါ ကလေးဘဝတုန်းကထွက်တဲ့ ချွေးနဲ့မတူတော့ပါဘူး။ ချွေးပိုထွက်လာပြီး ချွေးနံ့ကလည်း သိသာလာပါတယ်။ အကြောင်းကတော့ ဟော်မုန်းတွေရဲ့လှုံ့ဆော်မှုကြောင့် ချိုင်းမှာရှိတဲ့ ဂလင်းတွေက ပိုပြီးတက်ကြွလာလို့ပါ။ ထွက်လာတဲ့ချွေးတွေက ဘက်တီးရီးယားနဲ့ပေါင်းပြီး ဆိုးရွားတဲ့အနံ့တစ်မျိုးထွက်လာစေပါတယ်။ ဒါကြောင့် အပျိုဖော်ဝင်လာတဲ့အခါမှာ မိန်းကလေးတွေဟာ ချွေးနံ့ကြောင့် လူကြားထဲမှာ ယုံကြည်မှုရှိရှိ သွားလာလှုပ်ရှားမှု လျော့နည်းလာတတ်ပါတယ်။ အဲဒီလိုမဖြစ်ဘဲ ကိုယ်နံ့သင်းပျံ့စေဖို့ အောက်ပါနည်းလမ်းတွေကိုလိုက်နာသင့်ပါတယ်။

– နေ့စဉ် အပျော့စားဆပ်ပြာ (Mild Soap)နဲ့ ကြက်သီးနွေးရေကိုသုံးပြီး ရေချိုးပါ ဒါမှမဟုတ် ခေါင်းလျှော်ပါ။

– ရေချိုး၊ ခေါင်းလျှော်ပြီးတဲ့အခါတိုင်း သန့်ရှင်းပြီး မီးပူတိုက်ထားတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။

– ချွေးနံ့ထိန်းဆေးတောင့် ဒါမှမဟုတ် ချွေးထွက်တားဆေးကိုသုံးပါ။ Deodorant က ဆိုးရွားတဲ့အနံ့တွေကို ထိန်းထားနိုင်ပြီး An­tiperspirant က ချွေးထွက်တာကို တားဆီးပေးပါတယ်။ မိန်းကလေးတွေအတွက် သင့်တော်တဲ့ အမျိုးအစားတွေအများကြီး ရှိပါတယ်။

– ချွေးထွက်များရင် ၁၀ဝ ရာခိုင်နှုန်း ချည်သားနဲ့လုပ်ထားတဲ့ အတွင်းခံဘောင်းဘီနဲ့ ဘရာစီယာကိုဝတ်ဆင်ပေးပါ။ အကြောင်းကတော့ ချည်သားဖြစ်မှသာ လေဝင်လေထွက်ကောင်းစေပြီး ချွေးမြန်မြန်တိတ်စေတာကြောင့်ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top