Healthy Life Ad
Q & A

အဆုတ်ရောဂါလက္ခဏာများ

မေး. အဆုတ်နဲ့ပတ်သက်ပြီး မေးချင်ပါတယ်ရှင်။ လူတစ်ကိုယ်မှာ အဆုတ်ရောဂါဖြစ်နေပြီဆိုရင် ဘယ်လိုလက္ခဏာပြပါသလဲရှင်။
Aye Myat Mon(FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အဆုတ်ရောဂါဆိုတာ အများကြီးရှိပါတယ်။ အကြမ်းအားဖြင့် ပြောမယ်ဆိုရင် အဆုတ်ဆိုတာ အသက်ရှူသွင်း/ရှူထုတ်ပြီးတော့ ခန္ဓာကိုယ်ကနေ ကာဗွန်ဒိုင်အောက်ဆိုက်စွန့်ထုတ်ပြီး အပြင်ကနေ အောက်ဆီဂျင်ကို ရယူတဲ့လုပ်ငန်းကို အဓိက လုပ်ဆောင်ပါတယ်။ ဒီတော့ အဆုတ်အားနည်းမယ်ဆိုရင်တော့ အသက်ရှူမဝဘူး၊ မောတယ်၊ ရင်ဘတ်အောင့်တယ်၊ ချောင်းဆိုးတယ် စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ အဆုတ်ရောဂါဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေကတော့ ဆေးလိပ်သောက်တာ၊ အမှုန်အမွှား အငွေ့တွေ စတဲ့ ညစ်ညမ်းတဲ့ လေထုရှူရှိုက်တာတွေ ဖြစ်ကြပါတယ်။ အဆုတ်ရောဂါပေါင်း များစွာရှိတဲ့အထဲမှာ ဖြစ်ပေါ်တဲ့ ရောဂါအလိုက် ချောင်းဆိုး၊ သလိပ်ထွက်၊ ရင်ကျပ်၊ ရင်ဘတ်အောင့်၊ မောပန်း စတဲ့ ဝေဒနာတွေ တွေ့ရှိရနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top