Healthy Life Ad
International

ဒိန်ခဲများများစားသူများ နှလုံးရောဂါအမောဖောက်ခြင်း ဖြစ်နိုင်ခြေနည်းပါး

၊ ကိုထက် ၊

ဒိန်ခဲများများစားတဲ့သူတွေက နှလုံးရောဂါ အမောဖောက်ခြင်း (Heart Attack) ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ လေ့လာမှုအသစ်က ဆိုလိုက်ပါတယ်။

တစ်နေ့မှာ နို့နဲ့ နို့ထွက်ပစ္စည်း ၄၀ ဂရမ်စားသုံးရင် ကျန်းမာရေးကောင်းကျိုးရရှိစေပြီး ကယ်လ်ဆီယမ်ပါဝင်မှုများတာကြောင့် နှလုံးရောဂါ အမောဖောက်ခြင်းဖြစ်နှုန်းကို လျော့ကျစေတာဖြစ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ လူနှစ်သိန်းကျော်ကို လေ့လာခဲ့တဲ့ အချက်အလက်တွေအရ သိရတဲ့ ဒီလေ့လာမှုကို ဥရောပ အာဟာရဂျာနယ်မှာ ဖော်ပြထားပါတယ်။

လေ့လာမှုရလဒ်အရ နေ့စဉ် ဒိန်ခဲပုံမှန်စားသုံးသူတွေက နှလုံးသွေးကြောရောဂါဖြစ်နှုန်းကို ၁၄ ရာ ခိုင်နှုန်း လျော့ကျစေပြီး လေဖြတ်နိုင်ခြေကို ၁၀ ရာခိုင်နှုန်းလျော့ကျစေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ကယ်လ်ဆီယမ်က ခန္ဓာကိုယ်ထဲကို အဆီဝင်ရောက်မှုမရှိအောင် ကာကွယ်ပေးတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒိန်ခဲစားတာက ကောင်းတဲ့ ကိုလက်စထရောအဆင့်ကို မြင့်တက်စေတယ်လို့လည်းသိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top