Healthy Life Ad
Health Tips

နားရွက်နောက်မှာ ဝက်ခြံပေါက်လျှင်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

နားရွက်နောက်မှာ ဝက်ခြံပေါက်နေသလား။ သတင်းကောင်းကတော့ လူတိုင်းသတိမပြုမိတာပါပဲ။ သတင်းဆိုးကတော့ နားရွက်နောက်မှာ ပေါက်တဲ့ဝက်ခြံက အလွန်နာကျင်တတ်ပါတယ်။ ဒါကြောင့် အမြန်ဆုံးသက်သာ ပျောက်ကင်းစေမယ့် အလွယ်ကုထုံးတွေကို မျှဝေလိုက်ရပါတယ်။

(၁) ရေနွေးဖတ် ကပ်ပေးပါ

ဝက်ခြံအဖုအပိမ့်တွေကို အပူကပ်ပေးရင် အနာကျက်မြန်စေပါတယ်။ နားရွက်နောက်ရှိ ဝက်ခြံတွေကို ရေနွေးဖတ်ကပ်ပေးရင် ပြည်နဲ့ အညစ်အကြေးတွေ ကင်းစင်စေတဲ့အပြင် အနာကျက်နှုန်းမြန်စေပါတယ်။

(၂) လက်ဖက်ဆီလိမ်းပါ

လက်ဖက်ဆီမှာ အစွမ်းထက် အာနိသင်ရှိတာကြောင့် နားရွက်နောက်ရှိ ဝက်ခြံဖုတွေပေါ်လိမ်းပေးရင် အဖုအမြန်ပျောက်ပြီး အနာကျက်မြန်စေပါတယ်။

(၃) အရက်ပျံသုတ်လိမ်းပါ

နားရွက်နောက်ရှိဝက်ခြံဖုတွေပေါ် အရက်ပျံသုတ်လိမ်းတာကြောင့် စူးရှတဲ့နာကျင်မှုဝေဒနာ သက်သာစေပါတယ်။

(၄) သံပရာရည်လိမ်းပါ

သံပရာရည်မှာ အမာရွတ်မည်းမည်းတွေကို အရောင်လင်းလက်စေတဲ့ အစွမ်းသတ္တိရှိပါတယ်။ သံပရာရည်ကို နားရွက်နောက်ရှိ ဝက်ခြံဖုပေါ်လိမ်းတာကြောင့် အနာကျက်မြန်စေပြီး အမာရွတ်မကျန်စေပါဘူး။

(၅) ပန်းသီးရှလကာရည်လိမ်းပါ

ပန်းသီးရှလကာရည်ကို နားရွက်နောက်က ဝက်ခြံတွေပေါ်လိမ်းပေးရင် ဝက်ခြံဖုရှိ အဆီ၊ အညစ်အကြေးနဲ့ ပိုးမွှားတွေကို ကင်းစင်စေပါတယ်။ ပန်းသီးရှလကာရည်မှာ အနာကျက်စေတဲ့ အစွမ်းရှိပါတယ်။

(၆) ပျားရည်လိမ်းပါ

ပျားရည်မှာ ဘက်တီးရီးယားဟန့်တားတဲ့ အစွမ်းနဲ့ အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိပါတယ်။ ဒါကြောင့် ပျားရည်ကို ဝက်ခြံအဖုအပိမ့်ပေါ်လိမ်းပေးရင် အမြန်ဆုံးသက်သာစေပါတယ်။

(၇) ကြက်ဥအကာလိမ်းပါ

ကြက်ဥအကာကို ဝက်ခြံအဖုအပိမ့်တွေပေါ် သုတ်လိမ်းပေးတာကြောင့် အဆီပိုတွေကို ကင်းစင်စေပြီး အနာကျက်မြန်စေပါတယ်။

(၈)ရှားစောင်းလက်ပပ်အနှစ်လိမ်းပါ

ရှားစောင်းလက်ပပ်အနှစ်မှာ အစွမ်းထက် အနာကျက်အာနိသင်ရှိတာကြောင့် ဝက်ခြံအဖုအပိမ့်တွေပေါ်သုတ်လိမ်းပေးပါ။ မိနစ် ၂၀ ကြာမှ ရေနဲ့ဆေးချရမှာဖြစ်ပါတယ်။ တစ်နေ့နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ်ပြုလုပ်ပေးရင် အကောင်းဆုံး အာနိသင်ရရှိစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top