Healthy Life Ad
International

ကုရခက်နေသည့် အရေပြားရောဂါတစ်မျိုးကို ကလေးသုံး အသားထိန်းပစ္စည်းနှစ်မျိုးဖြင့် ပျောက်ကင်းသွားသူ

၊ ကိုထက် ၊

ဖက်ရှင်ဘလော့ဂါတစ်ဦးဖြစ်သူ ဒမ်မီရယ်ဘော့ဒရစ်ဟာအသက် ၁၈ နှစ်အရွယ်မှစပြီး ကုသရခက်တဲ့ အရေပြားပြဿနာတစ်မျိုးနဲ့ တွေ့ကြုံခဲ့ရပါတယ်။ သူရဲ့တစ်ကိုယ်လုံး အသားတွေဟာ နီမြန်းနေပြီး အရေပြားတွေဟာ နှင်းတွေကျသလို တဖွားဖွားကွာကျနေတာဖြစ်တယ်လို့ သိရပါတယ်။

” အသက် ၁၈ နှစ်လောက်က ညအိပ်ရာဝင်ပြီး မနက်နိုးလာတဲ့အချိန် တစ်ကိုယ်လုံးနီမြန်းပြီး အရေပြားတွေကွာနေတော့တာပဲ”လို့ ဒမ်နီရယ်က ပြောပြခဲ့ပါတယ်။ ဖြစ်ဖြစ်ချင်းမှာ ဆရာဝန်သွားပြခဲ့ပြီး ဆရာဝန်က စတီးရွိုက်အသားလိမ်းခရင်တစ်မျိုးလိမ်းဖို့ ညွှန်ကြားခဲ့ပါတယ်။ သုံးလလောက် လိမ်းပြီးတဲ့အခါမှာတော့ အရေပြားနီမြန်းတာတွေ သက်သာသွားခဲ့ပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်ကြာချိန်မှာ ပြန်လည် ဖြစ်ပွားလာပါတယ်။ ညအိပ်ရာဝင်ပြီး မနက်ဆို တစ်ကိုယ်လုံး နီမြန်းနေတာပဲဖြစ်ပါတယ်။ အရေပြားတွေလည်း ကွာနေလို့ ခေါင်းစွပ်ပါတဲ့ တစ်ကိုယ်လုံးလုံတဲ့ အဝတ်တွေဝတ်ဆင်ခဲ့ရပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ဆရာဝန်က အရင်လိမ်းတဲ့ စတီးရွိုက်ဆေးကို ထပ်လိမ်းဖို့ညွှန်ကြားပေမယ့် ဒမ်နီရယ်က စတီးရွိုက်ကို ထပ်မသုံးချင်တော့တဲ့အတွက် တခြား ကုသနိုင်မယ့် နည်းတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး ရှာဖွေခဲ့ကြပါတယ်။ တရုတ်တိုင်းရင်းဆေးတွေ၊ အပ်စိုက်ကုသနည်းတွေလည်း စုံစမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ အသိတစ်ယောက်က ကလေးသုံး အသားအရေထိန်းပစ္စည်းတွေဟာ ဓာတုပစ္စည်း အလွန်နည်းပါတာကြောင့် အဲ့ဒါတွေသုံးဖို့ အကြံ ပေးခဲ့တဲ့အတွက် ကလေးအသားအရေအစိုဓာတ်ထိန်းခရင်နဲ့ ရေချိုးဆပ်ပြာတွေကို သုံးခဲ့ပါတယ်။

“ကျွန်တော် ကလေးအသားအရေထိန်း ပစ္စည်းတွေသုံးပြီး ရက်ပိုင်းအတွင်းပဲ ထူးခြားမှုတွေ ဖြစ်လာတာပါ.. ကျွန်တော့ မျက်နှာက အနီကွက်တွေနဲ့ အရေပြားကွာတာတွေချက်ချင်းဆိုသလို ပျောက်ကင်းသွားပါတယ်၊ နောက်ပြီး လည်ပင်း၊ ဗိုက်၊ ကျောကုန်းတစ်နေရာပြီးတစ်နေရာ ပျောက်ကင်းလာတာတွေ့ရပါတယ်”လို့ ဒယ်မီရယ်က ပြောပြပါတယ်။

ဒယ်မီရယ်က စတာလင်ပေါင် ၄ ပေါင်ခန့်သာ ရှိတဲ့ အင်္ဂလန်နိုင်ငံထုတ် ကလေးအသားရေထိန်း ပစ္စည်းတစ်မျိုးကို သုံးခဲ့တာဖြစ်ပြီး နောက်ပိုင်းလည်း ဆက်လက်အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

(Ref;dailystar)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top