Healthy Life Ad
Q & A

ဘာစားစား အရသာမတွေ့ဘူး

မေး. ကျွန်မလွန်ခဲ့တဲ့အပတ်က အပ်စိုက်ဆေးသွားကုခဲ့တယ်။ ခြေဖဝါးနာလို့လေ။ အခုသက်သာပြီ။ ဒါပေမဲ့ အခုရက်ပိုင်း ဘာစားစား အရသာမတွေ့ဘူးဆရာ။ လျှာမှာ အရသာမတွေ့တော့ ချဉ်ငံစပ်စားကြည့်တယ်။ လျှာပူတာပဲ အဖတ်တင်တယ်။ ဘာမှအရသာ ခံစားလို့မရတော့ ဘယ်လိုလုပ်ရမလဲဆရာ။ ကူညီပေးပါဆရာ။
Nang Htwan War (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ခြေဖဝါးနာလို့ အပ်စိုက်ကုသတာနဲ့ လျှာအရသာမတွေ့တာက ဆက်စပ်မှုမရှိဘူးလို့ ယူဆပါတယ်။ လျှာမှာ အရသာကို ဖော်ထုတ်တဲ့ အထူးအာရုံကြောတွေရှိသလို ထိတာကိုသိတဲ့ အာရုံကြောတွေလည်းရှိတယ်။ အဲဒီအာရုံကြောလေးတွေ တစ်ခု ဒါမှမဟုတ် နှစ်ခု ယာယီချို့ယွင်းတာကြောင့် ဖြစ်မယ်ထင်ပါတယ်။ ဘာကြောင့် အာရုံကြောလေးတွေ ချို့ယွင်းရသလဲဆိုတဲ့ အကြောင်းရင်းကို ရှာကြည့်ရင် ယာယီဖြစ်တဲ့အတွက် ၅-၇ ရက်လောက်အတွင်း ပြန်ကောင်းသွားနိုင်ပါတယ်။ တစ်ပတ်-နှစ်ပတ်လောက် နေလို့ ပြန်မကောင်းဘူး၊ ထိတာ၊ ထုံတာလည်းမသိဘူးဆိုရင် နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်နဲ့ပြသဖို့ အကြံပြုလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top