Healthy Life Ad
Health Tips

ဦးရေပြားယားယံခြင်းအတွက် အလွယ်ကုထုံး

၊ လရိပ်မေ ၊

ဆောင်းတွင်းမှာ ဦးရေပြားယားယံတာ၊ နီမြန်းတာစတဲ့ ပြဿနာတွေအဖြစ်များတာကြောင့် သက်သာစေမယ့် အလွယ်ကုထုံးတွေကို မျှဝေလိုက်ပါတယ်။

– သံလွင်ဆီ

သံလွင်ဆီကို ဦးရေပြားနဲ့ဆံပင်သားပေါ် သုတ်လိမ်းတဲ့အခါ ဆံပင်ကျွတ်တာ၊ ကြမ်းတာတို့ကို ကင်းစေနိုင်ပြီး ဆံပင်သား တောက်ပစေပါတယ်။ ဦးရေပြားမှာ သံလွင်ဆီလိမ်းပြီး နှိပ်နယ်ပေးပါ။ ခေါင်းမလျှော်ခင် အနည်းဆုံး ၁၀ မိနစ်လောက် ထားပေးပါ။

– ရှလကာရည်

ရှလကာရည်မှာ ဘက်တီးရီးယားပိုးတွေကို ဟန့်တားပေးနိုင်စွမ်းရှိတဲ့အတွက် ဦးရေပြားမှာ သုတ်လိမ်းတဲ့အခါ ယားယံတဲ့ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ရှလကာရည်တစ်ဆ၊ ရေနှစ်ဆ ရောမွှေပြီး ဦးရေပြားပေါ် အကြိမ်ပေါင်းများစွာ သုတ်လိမ်းပေးပါ။ ပြီးရင် ခါတိုင်းလိုပဲ ရှမ်ပူနဲ့လျှော်ပါ။

– ပင်လယ်ဆား

အရေပြားဂျာနယ်ရဲ့ လေ့လာမှုအရ ပင်လယ်ဆားမှာပါတဲ့ မဂ္ဂနီဆီယမ်ဟာ ဆိုးရီးယေးစစ်လို ရောင်ရမ်းနေတဲ့အရေပြားကို သက်သာစေတယ်လို့ သိရပါတယ်။ ပင်လယ်ဆားကို သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီနဲ့ရောမွှေပြီး ဦးရေပြားပေါ် တစ်ပတ်တစ်ကြိမ်လောက် သုတ်လိမ်းပေးရင် ဦးရေပြားယားယံတဲ့ဝေဒနာ သက်သာစေပါတယ်။

– လက်ဖက်ဆီ

လက်ဖက်ဆီမှာ ဘက်တီးရီးယားနဲ့ ဖန်းဂတ်စ်မှိုကင်းစေတဲ့ အာနိသင်ရှိတာကြောင့် ဦးရေပြားကို ပိုးဝင်မှုကင်းစေပြီး မကြာခဏ ကုတ်ခြစ်ရတာမျိုး မဖြစ်စေတော့ပါဘူး။ ဗောက်ထနေရင် ဒါမှမဟုတ် ဦးရေပြားယားယံခြောက်သွေ့နေရင် သံလွင်ဆီ ၁၀ ဆ၊ လက်ဖက်ဆီတစ်ဆ ရောမွှေပြီး ဦးရေပြားရဲ့ ယားယံတဲ့နေရာမှာ ဝါဂွမ်းစနဲ့သုတ်ပေးပါ။ ငါးမိနစ်ကြာထားပြီးမှ ရေနဲ့ဆေးကြောလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top