Healthy Life Ad
International

ပိုင်ရှင်ပစ်ထားခဲ့သောကြောင့် ရင်ကွဲနာကျပြီး သေဆုံးသွားရှာသည့် ခွေးကလေး

၊ ကိုထက် ၊

ပိုင်ရှင်ဖြစ်သူက လေဆိပ်မှာပြစ်ထားခဲ့တာကြောင့် ခွေးလေးမှာ ရင်ကွဲနာကျပြီး သေဆုံးခဲ့ရတဲ့အဖြစ် ဖြစ်ခဲ့ပါတယ်။ သူ့သခင်က သူ့ကို လေဆိပ်မှာ တစ်လကျော်ကြာ ပစ်ထားခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက ပိုင်ရှင်မဲ့ခွေးလေးတစ်ကောင်ဟာ ကမ္ဘောဒီးယားရှိ ဘူကာရာမက်ဂလေဆိပ်မှာ တစ်စုံတစ်ယောက်ကိုလိုက်ရှာနေတာကို လေဆိပ်ဝန်ထမ်းတွေက တွေ့မြင်ခဲ့ကြပါတယ်။ ၃ပတ်လောက်ကြာချိန်မှာ ခွေးလေးက အစာမစားတဲ့အတွက် ပိန်လှီလာပါတယ်။ လေဆိပ်ဝန်ထမ်းတွေက ခွေးကို အစာကျွေးမွေးပေမယ့် လုံးဝမစားမသောက်ဘဲ နေနေပါတယ်။ လေဆိပ်ဝန်ထမ်းတွေက ခွေးလေးရဲ့သခင်ပြန်လာချိန်ထိစောင့်နေနိုင်ဖို့ ရုံးခန်းတစ်ခန်းမှာခေါ်ယူပြီး ပြုစုပေးထားပေမယ့် ခွေးက လုံးဝမစားမသောက်ဘဲ နေနေတယ်လို့ဆိုပါတယ်။ ကမ္ဘောဒီးယားတိရစ္ဆာန် စောင့်ရှောက်ရေးဖောင်ဒေးရှင်းက လာရောက်ပြီး ပြုစုပေးခဲ့ကြပါတယ်။

“တိရစ္ဆာန်လေးတွေ၊ အထူးသဖြင့် ခွေးလေးတွေက သခင်ကိုအရမ်းချစ်တတ်ကြပါတယ်၊ ဒီခွေးမလေးက စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီး အခုလို အစာကို လုံးဝမစားတဲ့အတွက် ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေပါထိခိုက်ပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်”လို့ အဆိုပါ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top