Healthy Life Ad
Health Tips

ယောဂကျင့်စဉ်က အဝလွန်ခြင်းကို တွန်းလှန်ပေးနိုင်

၊ ငွေကြယ်စင်ယံ ၊

ဒီနေ့မှာ လူအများစုဟာအထိုင်များတဲ့နေထိုင်မှုပုံစံကြောင့် လှုပ်ရှားမှုနည်းပြီး အဝလွန်နေကြပါတယ်။ အဝလွန်တယ်ဆိုတာ ခန္ဓာကိုယ်မှာ အဆီပိုတွေစုဆောင်းနေတာ ဖြစ်ပြီး ကျန်းမာရေးဆိုးကျိုး သက်ရောက်စေနိုင်ပါတယ်။ အဝလွန်တာကြောင့် ဘဝသက်တမ်းလျော့ကျသလို ကျန်းမာရေးပြဿနာတွေလည်း မြင့်တက်စေနိုင်ပါတယ်။

ယောဂကျင့်ခြင်းဖြင့် ခန္ဓာကိုယ်ပေါ့ပါးသွက်လက်စေနိုင်
ယောဂကျင့်တာကြောင့် နှလုံးနဲ့ အဆုတ်ဆီ အောက်ဆီဂျင် ပိုမို ရောက်ရှိစေပြီး ကိုယ်လက်လှုပ်ရှားမှုအတွက် စွမ်းအင်ရရှိစေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို သွက်လက်စေပြီး ကိုယ်အလေးချိန်ကို ထိထိရောက်ရောက် ကျဆင်းစေပါတယ်။

ယောဂကျင့်ခြင်းဖြင့် အသားအရေ တွဲကျမှုမဖြစ်စေရန်ကာကွယ်နိုင်
အဝလွန်သူတွေ ကိုယ်အလေးချိန်ကျသွားတဲ့အခါ အရေပြားလျော့တွဲတာနဲ့ အသားအရေ ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ယောဂကျင့်တဲ့အတွက် ကိုယ်အလေးချိန် လျော့ကျသွားတဲ့ အခါကြွက်သားတွေကို တင်းရင်းသန်စွမ်းစေကာ အသက်ပြင်းပြင်း ရှူရှိုက်နိုင်စေတဲ့အတွက် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကင်းကာ အသားအရေ တင်းရင်းလှပစေပါတယ်။

ယောဂကျင့်ခြင်းဖြင့် ကိုယ်အလေးချိန် လျော့ကျစေနိုင်
အဝလွန်တဲ့သူတွေ ယောဂကျင့်တာကြောင့် ကိုယ်အလေးချိန်ကို ထိထိရောက်ရောက် လျော့ကျစေပါတယ်။ ယောဂကျင့်တဲ့အခါ ဆွဲဆန့်တာ၊ ခန္ဓာကိုယ်ဟန်ချက်ညီအောင် ထိန်းတာ၊ ခန္ဓာကိုယ်ကို စောင်းပြီး လိမ်တာ စတဲ့ လှုပ်ရှားမှုတွေ ပါဝင်တဲ့အတွက် အပိုကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top