Healthy Life Ad
International

နေမကောင်းသော အိမ်မွေးခွေးလေးကိုပြုစုရန် လစာအပြည့်ခွင့်ရသည့် အီတလီအမျိုးသမီး

၊ မိုးမင်းထွန်း ၊

အီတလီနိုင်ငံ၊ La Sapienza တက္ကသိုလ်မှ အမည်မဖော်လိုတဲ့ ပညာရှင်အမျိုးသမီးတစ်ဦးဟာ အိမ်မွေးခွေးလေး နေမကောင်းတာကြောင့် နှစ်ရက်တိုင်ပြုစုခဲ့ရပါတယ်။ ပျက်ကွက်နှစ်ရက်တာအတွက် လစာအပြည့်ခွင့်ရဖို့ အဆိုပါအမျိုးသမီးဟာ အီတလီတရားရုံးသို့ တိုင်ကြားခဲ့ပါတယ်။ သူရဲ့ရှေ့နေတွေက တိရစ္ဆာန်မွေးမြူပြီး နေမကောင်းတဲ့အခါ ဂရုမစိုက်ဘဲထားတဲ့ ပိုင်ရှင်တွေကို ထောင်ဒဏ် ၁ နှစ်နဲ့ ယူရို ၁၀ဝ၀ဝ ဒဏ်ရိုက်နိုင်တဲ့ အီတလီဥပဒေကို ညွှန်းဆိုကိုးကားခဲ့ကြပါတယ်။

တရားသူကြီးက အမှုကို လက်ခံကြားနာခဲ့ပြီး ပြင်းထန်တဲ့ ဒါမှမဟုတ် မိသားစုဆိုင်ရာ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်နဲ့ ဆက်စပ်တယ်လို့ယူဆခဲ့ပြီး နှစ်ရက်တာလစာအပြည့်ခွင့်ပေးဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ အီတလီတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့(LAV)မှ ဥက္ကဌဂီယန်လူကာဖယ်လီဆက်တီကလည်း ဒီစီရင်ချက်ကို ကြိုဆိုခဲ့ပြီး အိမ်မွေးတိရစ္ဆာန်တွေကို မိသားစုဝင်အဖြစ် အသိအမှတ်ပြုခံရဖို့ လမ်းကြောင်းဖွင့်ပေးလိုက်တယ်လို့ ယူဆမိကြောင်း ပြောကြားခဲ့ပါတယ်။

စီးပွားရေးအကျိုးအမြတ်အတွက်မဟုတ်ဘဲ၊ အလုပ်လုပ်ခိုင်းဖို့မဟုတ်ဘဲ မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို မိသားစုအဖြစ်သတ်မှတ်ဖို့ အရေးပါတဲ့ ခြေလှမ်းတစ်လှမ်းပါပဲလို့ သူကဆက်ပြောခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top