Healthy Life Ad
Q & A

ဆေးလုံး၊ ဆေးဝါး၊ ဆေးတောင့်ကို ထက်ပိုင်းပိုင်းသောက်ရင် . . .

မေး. ဘယ်ဆေးမဆို ထက်ဝက်ပိုင်းလိုက်ရင် အာနိသင်ထက်ဝက်ရှိတယ်ဆိုတာ ဟုတ်ပါသလား။ အဲဒီလို စားလို့ရပါသလား။
ဦးသန့်ဇင်၊ ကျောက်တံတား။

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်းတာဝန်ခံ)မှ ဖြေကြားပေးပါသည်။

ဖြေ. ဆေးတောင့်ကြီးဆိုရင်တော့ ချိုးသောက်ခိုင်းပါတယ်။ တချို့ဆေးတွေဆိုရင်တော့ ဝါးစားရင် အစာအိမ်ထိတာ သက်သာတာတော့ ရှိပါတယ်။ ဥပမာ Asprin တချို့ဆေးတွေကျတော့ ထက်ပိုင်းခြမ်းပြီး မသောက်ရပါဘူး။ အပေါ်ကနေအုပ်ထားတဲ့ ဆေးတောင့်ဆိုရင် ဥပမာ-အစာအိမ်ထဲရောက်တဲ့အချိန်မှာ ပျော်ဝင်အောင် လုပ်ထားတာမျိုးဖြစ်လို့ပါ။ ပါရာစီတမောလို ဆေးပြားဆိုရင် ထက်ခြမ်းခြမ်းပြီး သောက်လို့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top