Healthy Life Ad
Health Tips

ဆေးလိပ်သောက်သူ ချောင်းဆိုးခြင်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဆေးလိပ်သောက်တဲ့သူ ချောင်းဆိုးရင် ယာယီသက်သာစေမယ့် သဘာဝကုထုံးကို ဖော်ပြလိုက်ပါတယ်။ ဒါပေမဲ့ အသံဝင်တာ၊ အသက်ရှူမဝတာ၊ ဝင်လေထွက်လေလုပ်တိုင်း တဝီဝီအသံမြည်နေတာတို့ ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

သဘာဝဆေး (၁) ဆေးလိပ်ဖြတ်ခြင်း
ဆေးလိပ်သောက်သူ ချောင်းဆိုးရင် အရင်ဆုံးလုပ်စေချင်တာက ဆေးလိပ်ဖြတ်ဖို့ပါပဲ။ ဒါမှသာ ချောင်းဆိုးတဲ့ ဝေဒနာ အမြန်ဆုံးသက်သာမှာပါ။

သဘာဝဆေး (၂) ရေများများသောက်ခြင်း
တစ်နေ့တာအတွင်း ရေများများ သောက်တာကြောင့် ဆေးလိပ်သောက်သူချောင်းဆိုးတာရဲ့ နောက်ဆက်တွဲ ဝေဒနာ ရင်ဘတ်အောင့်တာကို သက်သာစေပါတယ်။ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေတဲ့အခါ အချွဲတွေကို မြန်မြန်တွန်းထုတ်ပေးနိုင်ပါတယ်။

သဘာဝဆေး (၃) ချမိုမိုင်းလက်ဖက်ရည်သောက်ခြင်း
ဆေးလိပ်သောက်သူ ချောင်းဆိုးတဲ့အခါ ချမိုမိုင်း (Chamomile Tea)တစ်ခွက်သောက်ပေးပါ။ ချမိုမိုင်းရေနွေးကြမ်းက အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို အနားရစေပြီး ချောင်းဆိုးသက်သာစေပါတယ်။

သဘာဝဆေး (၄)ဆားရေနွေးနှင့် အာလုတ်ကျင်းခြင်း
ဆေးလိပ်သောက်သူ ချောင်းဆိုးရင် လည်ချောင်းသိသိသာသာ ယားယံလွယ်တတ်ပါတယ်။ အဲဒီနောက်ဆက်တွဲဆိုးကျိုးလျော့ကျဖို့ ခံတွင်းနဲ့ လည်ချောင်းကို ဆားရေနွေးနဲ့ အာလုတ်ကျင်းပေးပါ။ ရေနွေးတစ်ဖန်ခွက်ထဲ ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ဖျော်ပေးရမှာဖြစ်ပါတယ်။

သဘာဝဆေး (၅) အချဉ်အရသာရှိသစ်သီးဖျော်ရည် သောက်ခြင်း
လိမ္မော်သီး၊ သံပရိုသီး၊ ကျွဲကောသီးနဲ့ တခြားအချဉ်အရသာရှိတဲ့ သစ်သီးတွေမှာ ဗီတာမင်စီပါဝင်မှုများတာကြောင့် ကိုယ်ခံအားစနစ်ကို သန်စွမ်းကောင်းမွန်စေပါတယ်။ အဲဒီအခါ စီးကရက်သောက်တာကြောင့် ဖြစ်တဲ့ ဆိုးကျိုးကို အလွယ်တကူ တုံ့ပြန်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top