Healthy Life Ad
International

စားကြွင်းစားကျန်များနှင့် ချက်ပြုတ်ပြီးသားဆီတွေမသုံးရန် ဟော့ပေါ့ဆိုင်များအား တားမြစ်လိုက်သည့် ချုံချင်းမြို့

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှ ချုံချင်းမြို့တော်ဟာ ဟော့ပေါ့မြို့တော်ဆိုတဲ့ နာမည်နဲ့လိုက်ဖက်အောင် ဟော့ပေါ့ဆိုင်ပေါင်း ၃၀ဝ၀ဝ ကျော်ရှိပါတယ်။ မြို့တော်စားသောက်ဆိုင်လုပ်ငန်းတွေရဲ့ ၃၈ ဒသမ ၈ ရာခိုင်နှုန်း ရှိပြီး ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီးဖြစ်ပါတယ်။ စားသုံးသူဈေးကွက်မှာ အလျှင်မြန်ဆုံးဖွံ့ဖြိုးလာနေတဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။ နိုင်ငံခြားသားတွေအပါအဝင် စားသုံးသူတွေ အစာအဆိပ်သင့်ခြင်းမှ ကာကွယ်ဖို့ ချုံချင်းမြို့တော်ဟာ နိုင်ငံရဲ့ပထမဆုံးအဖြစ် ဟော့ပေါ့ဆိုင်တွေအပေါ် စည်းမျဉ်းတွေ ကန့်သတ်လိုက်ကြောင်း သိရပါတယ်။

စည်းမျဉ်းအရ စားကြွင်းစားကျန်ဟင်းရည်တွေ၊ အစာတွေ၊ ချက်ပြုတ်ပြီးသားဆီတွေ ပြန်လည်အသုံးမပြုရတဲ့အပြင် အဆိပ်အတောက်ဖြစ်ခြင်းမှကာကွယ်ဖို့ အမဲအူကြမ်း၊ ဘဲအူစတဲ့ အူကလီစာတွေကို တခြားအစားအစာတွေမှ သီးခြား ဆေးကြောရမယ်လို့သိရပါတယ်။ စားသောက်ဆိုင်ဝန်ထမ်းတွေကလည်း စားသုံးသူတွေအပေါ် ဆူနေတဲ့ဟင်းရည်ထဲ အစာစိမ်းတွေကို ဘယ် လောက်ကြာကြာ စိမ်ထားသင့်တဲ့အကြောင်း ပညာပေးရမယ်လို့ သိရပါတယ်။ မကျက်တဲ့အသားတွေ မစားမိအောင် မီးအပူချိန်ပေးတာ၊ အိုးကို မွှေပေးတာ စတဲ့အလုပ်တွေကို ဝန်ထမ်းတွေအနေနဲ့ ပုံမှန်လုပ်ပေးပြီး စားသုံးသူတွေ အစာအဆိပ်သင့်ခြင်းမှကာကွယ်ပေးဖို့ စည်းမျဉ်းအသစ်တွေထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

(Ref;SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top