Healthy Life Ad
Health Tips

ကျွန်မတို့ နေ့စဉ်ထိတွေ့ဖြစ်နေသော အညစ်ပတ်ဆုံး အသုံးအဆောင် ၁၅ မျိုး

လရိပ်မေ

ညစ်ပတ်ပေမယ့် ကျွန်မတို့တစ်တွေ နေ့စဉ်နေ့တိုင်း ထိတွေ့ဖြစ်နေတဲ့ အသုံးအဆောင်တွေ ရှိပါတယ်။ အဲဒါတွေကို ထိတွေ့တဲ့အခါ ပိုးမကူးစက်စေဖို့ အသုံးအဆောင်တွေကို နေ့တိုင်း သန့်စင်ပေးသင့်သလို အဲဒါတွေ ထိတွေ့ပြီးတဲ့ အခါမှာလည်း လက်ကို သေချာ
ဆေးကြောပေးဖို့ လိုအပ်ပါတယ်။

(၁) တံခါးလက်ကိုင်
အပြင်ထွက်တဲ့အခါ လက်မှာ ဘက်တီးရီးယားပိုးတွေ ကပ်ငြိနေတယ်ဆိုတာ သင်ခန့်မှန်း မိပါသလား။ အိမ်ထဲဝင်ရင်လည်း အလားတူ
ပါပဲ။ အကြောင်းကတော့ အိမ်တံခါးလက်ကိုင်ကို ထိတွေ့ရလို့ပဲ ဖြစ်ပါတယ်။

(၂) ရေခဲသေတ္တာလက်ကိုင်
နေ့တိုင်း ရေခဲသေတ္တာ လက်ကိုင်ကို ဖွင့်ဖြစ်နေပါသလား။ ရေခဲသေတ္တာ လက်ကိုင်မှာ မိနစ် ၂၀ အတွင်း ဘက်တီးရီးယားပိုးများစွာ
ပွားများနေတယ်လို့ ဆိုပါတယ်။

(၃) ဗီရိုလက်ကိုင်
သင် နေ့တိုင်း ထိတွေ့နေတဲ့ ဗီရိုလက်ကိုင်ဖုတွေကို သန့်စင်ဖြစ်ပါသလား။ အဲဒီမှာ လက်က တစ်ဆင့် ကပ်ငြိတဲ့ ပိုးတွေ ရှိနေတတ်
ပါတယ်။

(၄) ရေချိုးခန်းရှိ ရေစိမ်ကန်
ရေချိုးခန်းထဲက ရေစိမ်ကန်မှာ ဘက်တီးရီးယားပိုးတွေ ရှိနေတတ်ပါတယ်။

(၅) အဝေးထိန်းခလုတ်
လူတွေက တီဗီကြည့်ရင်း အာလူးချောင်းကြော် ဒါမှမဟုတ် ပေါက်ပေါက်စတာတွေ စားတတ်ကြပါတယ်။ အဲဒီလက်နဲ့ ကိုင်တာကြောင့် ရီမုတ်ကွန်ထရိုးလို့ခေါ်တဲ့ အဝေးထိန်းခလုတ်တွေ ညစ်ပတ်နေနိုင်ပါတယ်။

(၆) ဈေးဝယ်တွန်းလှန်း
ရှော့ပင်းစင်တာထဲမှာ လူဘယ်လောက်များများ ဈေးဝယ်လေ့ ရှိတယ်လို့ သင်ထင်ပါသလဲ။ အဲဒီ ဈေးဝယ်တွန်းလှန်းတွေကို လူဘယ်လောက်များများ ထိတွေ့ဖူးကြ လိမ့်မယ်လို့ကော သင်ထင်ပါသလဲ။ ဈေးဝယ်တွန်းလှန်းတွေမှာ ဘက်တီးရီးယားပိုး သန်းနဲ့ချီပြီး ပျံ့နှံ့နေနိုင် ပါတယ်။ လေ့လာမှုတွေအရ ဈေးဝယ် တွန်းလှန်းတွေမှာ အများသုံး အိမ်သာနဲ့ ဓာတ်လှေကားတွေ ထက်တောင် ပိုပြီး မစင်ပိုးတွေ၊ တံတွေးနဲ့ ဘက်တီးရီးယားတွေ ကပ်ငြိနေတယ်လို့ သိရပါတယ်။

(၇) မီးဖိုချောင်သုံး ရေမြှုပ်
မီးဖိုချောင်သုံး ရေမြှုပ်တွေမှာ ဘက်တီးရီးယား ပိုးတွေ ရှိနေတတ်ပါတယ်။ ရေမြှုပ်နဲ့ ပန်းကန်ပြားကို ပွတ်တိုက်တဲ့အခါ သန့်သွားမယ့်
အစား ဘက်တီးရီးယားပိုးတွေ ပြန့်သွားတတ်ပါတယ်။

(၈) အိမ်သာထိုင်ခုံ
အိမ်သာထိုင်ခုံ တစ်လက်မပတ်လည် နေရာမှာ ဘက်တီးရီးယားပိုး ၂၉၅ ရှိပါတယ်။ အိမ်သာထိုင်ခုံ တစ်ခုလုံးဆိုရင် ယေဘုယျအားဖြင့် ပိုးသုံးသန်းခန့် ရှိပါတယ်။

(၉) လက်ကိုင်ဖုန်း
လက်ကိုင်ဖုန်းတွေက သင်ထိတွေ့လေလေ အပူဓာတ်ထုတ်ပြီး ဘက်တီးရီးယားပိုးတွေ ကပ်ငြိလေလေ ဖြစ်ပါတယ်။ ပိုးသန့်စင်နိုင်တဲ့ ရာဘာလက်အိတ်နဲ့ ပွတ်သပ်ပေးပါ။

(၁၀) မီးဖိုချောင်ဘေစင်
မီးဖိုချောင်ဘေစင် တစ်လက်မပတ်လည်မှာ ဘက်တီးရီးယားပိုး ငါးသိန်းခန့်ရှိတတ်ပါတယ်။

(၁၁) ကွန်ပျူတာကီးဘုတ်
ကွန်ပျူတာ ကီးဘုတ်ရိုက်တဲ့အခါ လက်ကတစ်ဆင့် ဘက်တီးရီးယားပိုးတွေ ဖြန့်ဝေသွားပါတယ်။ အကြမ်းအားဖြင့် ကီးဘုတ်လေးခုမှာ တစ်ခုဟာ ဘိုထိုင်အိမ်သာမှာထက် ဘက်တီးရီးယားပိုးတွေ ပိုရှိတတ်ပါတယ်။

(၁၂) မီးခလုတ်
အဖွင့်အပိတ်လုပ်ရတဲ့ မီးခလုတ်တွေမှာ ပိုးမွှားတွေ ကပ်ငြိပေါက်ဖွား နေတတ်ပါတယ်။

(၁၃) ငွေစက္ကူ
ငွေစက္ကူတွေဟာ လူပေါင်းများစွာရဲ့ လက်တွေနဲ့ ထိတွေ့ထားတဲ့အတွက် ပိုးမွှားတွေ အများဆုံး ရှိနေတတ်ပါတယ်။

(၁၄) စဉ်းတီတုံး
အသား၊ ငါးတွေကို ခုတ်ထစ်လေ့ရှိတဲ့ စဉ်းတီတုံးတွေမှာ ဘက်တီးရီးယားပိုးတွေ ရှိနေတတ်ပါတယ်။ အိမ်သာထဲမှာထက် မဆေးကြောထားတဲ့ စဉ်းတီတုံးမှာ ဘက်တီးရီးယားပိုး ၂၀ဝ ကျော် ပိုရှိနေပါတယ်။

(၁၅) ပန်းကန်သုတ်အဝတ်
ပန်းကန်တွေကို သုတ်လေ့ရှိတဲ့ လက်နှီးစ အဝတ်တွေမှာ ဘက်တီးရီးယားပိုးမွှားတွေ ရှိနေတတ်တဲ့အတွက် သေချာသန့်စင်အောင် လျှော်ဖွပ်ပြီး ခြောက်သွေ့မှ အသုံးပြုပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top