Healthy Life Ad
Health Tips

မျက်စိတစ်ဝိုက် ညိုမည်းရောင်ရမ်းခြင်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အကြောင်းအမျိုးမျိုးကြောင့် မျက်စိတစ်ဝိုက် ညိုမည်းရောင်ရမ်းတဲ့အခါ နှစ်ပတ်အတွင်း သူ့အလိုလိုအနာကျက်နိုင်ပါတယ်။ တကယ်လို့ လက်သီးအထိုးခံရတာ၊ မတော်တဆလဲကျတာ၊ တစ်ခုခုနဲ့ထိခိုက်မိတာ စတာတွေကြောင့် မျက်စိတစ်ဝိုက် ညိုမည်းရောင်ရမ်းခဲ့ရင် အမြန်သက်သာစေဖို့ သဘာဝအိမ်တွင်းကုထုံးတွေကိုမျှဝေလိုက်ပါတယ်။

သဘာဝဆေး (၁) ရေခဲ
ရေခဲက သွေးကြောတွေကို ကျဉ်းစေတာကြောင့် မျက်ဝန်းတစ်ဝိုက်ညိုမည်းတာကို လျော့ပါးစေသလို နာကျင်မှုလည်း လျော့ကျစေပါတယ်။ ရေခဲတုံးလေးတွေကို တဘတ်စထဲထုပ်ကာ မျက်ဝန်းပေါ် ညင်ညင်သာသာ ကပ်ပေးရမှာပါ။

သဘာဝဆေး (၂) အေးခဲနေသော ဟင်းသီးဟင်းရွက်များ
မျက်ဝန်းတစ်ဝိုက် ညိုမည်းတဲ့ နေရာပေါ် အေးခဲနေတဲ့ ဟင်းသီးဟင်းရွက် (အထူးသဖြင့် ပဲစိမ်း၊ လှီးထားတဲ့ မုန်လာဥနီ) စတာတွေကို ကပ်ပေးရမှာပါ။

သဘာဝဆေး (၃) အာလူး
မျက်ဝန်းတစ်ဝိုက် ညိုမည်းတဲ့နေရာပေါ် အာလူးကပ်ပေးရင်လည်း အနာကျက်မြန်စေပါတယ်။ အာလူးပါးပါးလှီးပြီး ရေခဲသေတ္တာထဲ မိနစ်အနည်းငယ်ကြာထားပြီး မျက်ဝန်းတစ်ဝိုက်မှာ ကပ်ပေးပါ။

သဘာဝဆေး (၄) ကြပ်ထုပ်ထိုးခြင်း
မျက်ဝန်းတစ်ဝိုက်အညိုအမည်းစွဲပြီး နှစ်ရက်အတွင်းကြပ်ထုပ်ထိုးတာ အကောင်းဆုံးပါ။ အညိုအမည်းနေရာမှာ စုဆောင်းနေတဲ့ သွေးတွေကို ကင်းစင်စေပါတယ်။ ပြုလုပ်ရမယ့်နည်းက ရေနွေးထဲ တဘတ်စစွတ်ပြီး ရေညှစ်ကာ မျက်ဝန်းတစ်ဝိုက်အညိုအမည်းနေရာမှာ ကပ်ပေးပါ။ ထိခိုက်ဒဏ်ရာရပြီး ရက်အနည်းငယ်အတွင်း ရေခဲကပ်တာကလည်း သွေးကြောတွေအတွက် အကူအညီရစေပါတယ်။

သဘာဝဆေး (၅) သင်္ဘောသီး
အရောင်တောက်ပတဲ့ သင်္ဘောသီးမှာ ဗီတာမင်စီပါဝင်မှုများတာကြောင့် ထိခိုက်နေတဲ့ သွေးကြောတွေကို အနာကျက်စေပါတယ်။ သင်္ဘောသီးမှာပါတဲ့ ပက်ပိန်းဒြပ်ပေါင်းက မျက်စိတစ်ဝိုက်ရောင်ရမ်းမှုကိုလည်း သက်သာစေပါတယ်။ သင်္ဘောသီးမှည့်အစိတ်တွေကို ကြိတ်ချေပြီး မျက်ဝန်းတစ်ဝိုက် လိမ်းပေးပါ။ ပြီးရင် သင်္ဘောသီးများများ စားပေးပါ။ အနာကျက်မြန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top