Healthy Life Ad
Health Tips

သင့်အရိုးကို ဂရုစိုက်ပါ

လူတစ်ယောက်ရဲ့ အရိုးတွေက အလွန်အမင်းအားနည်းပြီး ကြွပ်ဆတ်လာတဲ့ အခြေအနေကို အရိုးပါးရောဂါ ဖြစ်တယ်လို့ခေါ်ပါတယ်။ ဒီအခြေအနေကို ကုသမှုမခံယူရင် ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။အရိုးပါးရောဂါဖြစ်စေနိုင်တဲ့ အခြေခံအကြောင်းရင်းတွေကို သိနားလည်ပြီး အရိုးကျန်းမာအောင် ဂရုစိုက်သင့်တဲ့ အချက်တွေရှိပါတယ်။ အဲဒါတွေကတော့-

တစ်နေ့တာ အစားအသောက်ထဲမှာ နွားနို့၊ ဒိန်ချဉ်နဲ့ ဒိန်ခဲတို့လို နို့နဲ့နို့ထွက်ပစ္စည်းများများ စားပေးပါ။ နို့နဲ့ နို့ ထွက်ပစ္စည်းတွေကို များများစားတာကြောင့် အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီကို အလုံအလောက်ရရှိစေပါတယ်။

အရိုးတွေသန်စွမ်းကျန်းမာဖို့တစ်နေ့မှာ ကယ်လ်ဆီယမ် ၇၅၀-၁၀ဝ၀ မီလီဂရမ်ရရှိဖို့ လိုအပ်ပါတယ်။ခပ်သွက်သွက် လမ်းလျှောက်တာလို ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပေးရင် အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့ ၃၀-၄၅ မိနစ်ခန့် ခပ်သွက်သွက်လမ်းလျှောက်ပြီး တစ်ပတ်မှာ အနည်းဆုံး ၃-၄ ကြိမ်ခန့်ပြုလုပ် ပေးရပါမယ်။

ဘယ်လေ့ကျင့်ခန်းက ကိုယ့်အတွက် အသင့်တော်ဆုံးလဲဆိုတာ သိရပါမယ်။ သင့်တော်တဲ့ လေ့ကျင့်ခန်းကို ရွေးချယ်ပြုလုပ်ရင် အရိုးထုထည်ဆုံးရှုံးနိုင်ခြေလျော့ကျပြီး လဲကျနိုင်ခြေလည်း သိသိသာသာ ကျဆင်းသွားမှာပါ။

စီးကရက်သောက်တတ်ရင် ဖြတ်ရပါမယ်၊ အရက်မသောက်တတ်ရင် အကောင်းဆုံးပါ။ သောက်တတ်ရင် အသင့်အတင့်ပဲသောက်တာ အကောင်းဆုံးပါ။ အမျိုးသားအတွက် တစ်နေ့နှစ်ပက်၊ အမျိုးသမီးအတွက် တစ်နေ့ တစ်ပက်ပေါ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top