Healthy Life Ad
Health Tips

ရေငန်းသီး (Salak Fruit) ၏ ကျန်းမာရေး ကောင်းကျိုးများ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

မေး။ ။ ရေငန်းသီး (Salak Fruit) စားရင် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရရှိနိုင်ပါသလဲ။
ရေငန်းသီးက အင်ဒိုနီးရှားမှာ အများဆုံးဖြစ်ပြီး နာမည်ကြီးရာက တခြားနိုင်ငံတွေကိုအများကြီး ရောက်လာတာပါ။ ရေငန်းသီးမှာ ဘီတာကယ်ရိုတင်းပါဝင်မှုများတဲ့အတွက် မျက်စိကျန်းမာရေးကို အဓိကကောင်းမွန်စေပါတယ်။ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ဖော့စ်ဖရပ်၊ ကယ်လ်ဆီယမ်၊ သိုင်ယာမင်းစတာတွေ ပါဝင်ပါတယ်။ လက်တွေ၊ ခြေတွေကျဉ်တယ်ဆိုရင် ရေငန်းသီးစားပေးတဲ့အခါ သက်သာစေပါတယ်။

သံဓာတ်၊ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်တို့လည်းပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ အတွက်သင့်တော်ပါတယ်။ မျက်စိအနီးမှုန်တာကို သက်သာစေပြီး သက်လုံကောင်းမွန်စေပါတယ်။အထွေထွေခန္ဓာကိုယ်ကျန်းမာရေးကိုကောင်း မွန်စေပြီး သွေးတွင်းသကြားဓာတ်ကိုထိန်းချုပ်ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်ထိန်းနေသူတွေအတွက် စားသင့်တဲ့အသီးပါ။ ကိုယ်အလေးချိန် ကျစေပါတယ်။ မှတ်ဉာဏ်ကောင်းမွန်စေပြီး နှလုံးသွေးကြော ကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။အစာအိမ်အတွက်လည်း သင့်တော်ပြီး အဓိကကောင်းမွန်တာကတော့ မျက်စိကျန်းမာရေးပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top