Healthy Life Ad
Q & A

သီးမွှေးငှက်ပျောသီးစားရင် သွေးတိုးစေသလား . . .

မေး။ ။ သီးမွှေးငှက်ပျောသီးစားရင် သွေးတိုးစေတယ်လို့ ပြောတာ မှန်ပါသလား။ ငှက်ပျောသီးမှာ ဘယ်လို ကောင်းကျိုးတွေ ပါဝင်ပါသလဲ။
NgNg(FB)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ သီးမွှေးငှက်ပျောသီးစားရင် သွေးတိုးစေတယ်ဆိုတာ လုံးဝ မမှန်ပါဘူး။ ငှက်ပျောသီးထဲမှာ ပိုတက်ဆီ ယမ်ပါဝင်မှုများပါတယ်။ လူတစ်ယောက်က တစ်နေ့မှာ ပိုတက်ဆီယမ် ၁၇၀ဝ-၂၄၀ဝ မီလီဂရမ်လောက် လိုအပ်ပါတယ်။ အဲဒီအတွက် ငှက်ပျောသီးတစ်လုံး စားတာနဲ့ ဘာမှမဖြစ်ပါဘူး။ တချို့တွေ နှလုံးရောဂါဖြစ်လို့၊ သွေးတိုးရောဂါဖြစ်လို့ ဆီးဆေးသောက်တယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ပိုတက်ဆီယမ်တောင် လျော့သွားသေးတာ။

အဲဒီလိုလျော့သွားတဲ့အခြေအနေမှာ ငှက်ပျောသီးစားလိုက်ရင် ပိုတက်ဆီယမ်ကို ပိုပြီးတိုးစေတာကြောင့် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေပါတယ်။ ငှက်ပျောသီးစားလို့ သွေးတိုးတယ်ဆိုတာ လုံးဝမမှန်ပါဘူး။ ဒါပေမဲ့ ပိုတက်ဆီယမ်များပြီး Hyperkalemia ရတဲ့အချိန်မှာတော့ ငှက်ပျောသီးစားလိုက်ရင် ပိုတက်ဆီယမ် ပိုများသွားမှာပေါ့။ အဲလိုအခြေအနေမှာပဲ ရှောင်သင့်တာပါ။ ကျန်တဲ့အချိန်မှာ ရှောင်စရာမလိုပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top