Healthy Life Ad
International

သုံးမြွှာပူးမွေးပြီးနောက် ရှားပါးသောရောဂါကြောင့် သေဆုံးသွားသည့် အမျိုးသမီး

၊ မိုးမင်းထွန်း ၊

ဟာဝိုင်အီမှ အသက် ၃၄ နှစ်အရွယ် ရှာဗွန်နီမဂေါက်အာအမည်ရ အမျိုးသမီးဟာ မွေးဖွားချိန်မတိုင်ခင် တစ်ပတ်အလိုမှာ ဗိုက်ခွဲကာ ကလေးမွေးဖွားခဲ့ပါတယ်။ အမြွှာပူးသားသုံးယောက်ကို ချောချောမွေ့မွေ့ မွေးဖွားနိုင်ခဲ့ပေမယ့် နာရီပိုင်းအကြာမှာ ရှာဗွန်နီကွယ်လွန်သွားခဲ့ပါတယ်။

သေဆုံးမှုက amniotic fluid embolism အမည်ရ အမျိုးသမီးတစ်သိန်းမှာ တစ်ယောက်သာဖြစ်နိုင်ခြေရှိတဲ့ ရှားပါးအခြေအနေတစ်ခုကြောင့် ဖြစ်ပွားကြောင်းသိရပါတယ်။ ဒီအခြေအနေက သန္ဓေသားပတ်ပတ်လည်ရှိနေတဲ့ ရေမြွှာရည်တွေက မိခင်ရဲ့သွေးကြောထဲကို ဝင်ရောက်တဲ့အခါ ဖြစ်ပွားတတ်ကြောင်းသိရပါတယ်။ မိခင်သွေးလည်ပတ်မှုပျက်စီးကာ သွေးထွက်လွန်တာ၊ သွေးခဲတာနဲ့ နှလုံး၊ အဆုတ်လုပ်ငန်းဆောင်တာ ပျက်စီးစေတာတို့ကို ဖြစ်ပွားစေတတ်ကြောင်း သိရပါတယ်။

၂၀ဝ၉ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်အကြားမှာ ၁၁ ကြိမ်ဖြစ်ပွားဖူးပြီး ဗြိတိနိုင်ငံမှာတော့ မွေးဖွားချိန် မိခင်သေဆုံးတဲ့ အကြောင်းအရင်းတွေအနက် အဆင့် ၅ နေရာမှာရှိနေကြောင်း သိရှိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top