Healthy Life Ad
International

ကျန်းမာရေးကောင်းမွန်တဲ့ ပုံပန်းသဏ္ဌာန်ကြောင့် အဆုတ်ကင်ဆာ အဆင့် (၄) ရှိနေတာ နောက်ကျမှသိ

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အသက် ၃၀ အရွယ် ဗစ်ကီဗန်နက်စ်က ဆေးလိပ်လုံးဝမသောက်၊ ကျန်းမာရေးနဲ့ အညီ နေထိုင်စားသောက်တဲ့ ကာယကြံ့ခိုင်ရေး ဆရာမတစ်ယောက်ဖြစ်ပါတယ်။ ချောင်းဆိုးတာကြောင့် ဆရာဝန်ဆီသွားပြခဲ့ရာမှာ သူ့ရဲ့ကျန်းမာတဲ့ ပုံဟန်ကြောင့် ပန်းနာရင်ကျပ်ရောဂါလို့သာ ယူဆခဲ့ကြပါတယ်။

ရောဂါမသက်သာတာကြောင့် နောက်ထပ် ၁၈ လကြာမှ အဆုတ်ကင်ဆာအဆင့် ၄ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ရောဂါတွေ့ရှိပြီး နာရီပိုင်းအကြာမှာ ဗစ်ကီက အပြင်ပန်းကျန်းမာနေပေမယ့်ကင်ဆာ မဟုတ်ဘူးလို့ မပြောနိုင်ကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အသက်အရွယ်မရွေး ကင်ဆာဖြစ်နိုင်တာကို သတိထားသင့်ကြောင်း ပြောပြပါတယ်။

အဆုတ်ကင်ဆာဆိုရင် ဆေးလိပ်သောက်သူတွေချည်းပဲ ဖြစ်တာမဟုတ်ဘဲ လူတိုင်းဖြစ်နိုင်ခြေရှိကြောင်းနှင့် ရောဂါဖြစ်လာပြီဆိုရင် ဆရာဝန်ဆီသွားကာ ဖြစ်နိုင်သမျှရောဂါတွေကို သေသေချာချာ စစ်ဆေးသင့်ကြောင်း ဗစ်ကီကတိုက်တွန်းထားပါတယ်။ သူ့ဘဝရဲ့ စိန်ခေါ်မှုအများဆုံးအချိန်ဖြစ်ပြီး ကင်ဆာကိုတိုက်ခိုက်ဖို့ အသင့်ပြင်ထားပြီလို့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top