Healthy Life Ad
Q & A

AIDS နှင့် မျက်စိရောဂါပိုး . . .

မေး. ဆွေမျိုးတစ်ယောက်က AIDS ရောဂါရှိတယ်လို့ သိရပါတယ်။ AIDS ရောဂါရှိသူတွေမှာ မျက်စိရောဂါပိုး မကျရောက်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။
ထွေးငယ်(FB)

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. AIDS ဖြစ်လာပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် CD 4 Count 50 အောက်ဆိုရင် ပိုးကျရောက်နိုင်တဲ့အတွက် CD 4 50 အောက်မကျသွားအောင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့လိုပါတယ်။ သမားတော်နဲ့တိုင်ပင်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ခံအားကောင်းနေအောင် နေထိုင်တည်ဆောက်ပေးနေရပါမယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီးနေမယ်ဆိုရင်တော့ ရောဂါပိုး မကျရောက်နိုင်တော့ပါဘူး။ CD 4 အရေအတွက်ကို တက်အောင်ကြိုးစားပြီး ကိုယ်ခံအားတက်အောင် လုပ်မယ်ဆိုရင် ရောဂါပိုးကျရောက်နိုင်ခြေက နည်းသွားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top