Healthy Life Ad
International

အိမ်တွင်းဖုန်မှုန့်များကြောင့် ဝစေနိုင်ဟုဆို

၊ မိုးမင်းထွန်း ၊

စားသောက်ပုံမမှန်တာနဲ့ လေ့ကျင့်ခန်းမပြု လုပ်တာတို့ကြောင့် ဝစေနိုင်ကြောင်း လူတိုင်းသိ ထားကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဂျု့တက္ကသိုလ်မှ လေ့လာမှုအရ ဒီအကြောင်းရင်းတွေ သာမက အိမ်တွင်းဖုန်မှုန့်တွေကြောင့်လည်း အဝလွန်စေတယ်လို့ သိရပါတယ်။

ဖုန်မှုန့်ထဲမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်ဟော်မုန်းတွေကို ထိခိုက်စေကာ အဆီစုဆောင်း မှုဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဆိုဖာတွေ၊ ကော်ဇောတွေမှာ ပါဝင်တဲ့ မီးကာဓာတ်တွေ၊ ပလတ်စတစ်မှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက ဖုန်ထဲမှာ ပါဝင်နေကြပါတယ်။ သုတေသီတွေက မြောက်ကာရိုလိုင်းနားရှိ အိမ် ၁၁အိမ်မှ ဖုန်တွေကို စုဆောင်းခဲ့ကြပြီး ဓာတ်ခွဲခန်းထဲမှာ ကြွက်တွေနဲ့ စမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။ ဖုန်အများစုက အဝလွန်ခြင်းကိုဖြစ်စေတဲ့ ထရိုင်ဂလစ်ဆရိုက် (triglycerides)ကို ဆဲလ်တွေထဲမှာ ဖွံ့ဖြိုးခြင်းကို ဖြစ်စေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဖုန်ပမာဏ ၃ မိုက်ခရိုဂရမ် အရွယ်အစားကတောင် ထိခိုက်မှုဖြစ်စေပြီး အမေရိကန်ကလေးတွေဟာ နေ့စဉ်ဖုန်မှုန့် ပမာဏ ၅၀ မိုက်ခရိုဂရမ်နဲ့ ထိတွေ့နေရကြောင်း သိရပါတယ်။

ငယ်ရွယ်စဉ်မှာ ဖုန်နဲ့ထိတွေ့မှုများတာက အသက်ကြီးတဲ့အခါ အဝလွန်မှုကိုဖြစ်စေတာကြောင့် ကလေးတွေအတွက် အန္တရာယ်ရှိကြောင်း သုတေသီတွေကပြောပါတယ်။ အိမ်သန့်ရှင်းရေးပြုလုပ်ကာ ဖုန်မှုန့်တွေကင်းဝေးအောင် ပြုလုပ်သင့်ကြောင်း တိုက်တွန်းထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top