Healthy Life Ad
Q & A

ခရီးသွားတိုင်း အိပ်မပျော် . . .

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်

Q. ခရီးသွားတဲ့အခါ ညညအိပ်မပျော်တတ်လို့ပါ။ အဲဒါ အိပ်ပျော်အောင် ဘယ်လိုနေထိုင် စားသောက်ရမလဲဆိုတာ သိချင်လို့ပါရှင်။

ရီရီဦး၊ မြောင်းမြ။

A. အိပ်မပျော်ရင် မအိပ်ခင်ဗိုက်ဝအောင် အဆာပြေ အစာ တစ်ခုခု စားလိုက်ပါ။ စားလိုက်ရင် ခန္ဓာကိုယ် ထဲမှာ အချိုဓာတ်တက်သွားပါတယ်။ ဂလူးကို့စ် အချိုဓာတ်က ဦးနှောက်ကို ရီမှိုင်းပြီး အိပ်သွားစေပါတယ်။ အိပ်ရာဝင်ခါနီး ကော်ဖီနဲ့ လက်ဖက်ရည်ကို မသောက်ပါနဲ့။ အိပ်မပျော်ရင် အတွေးကိုလည်း လျှော့ချပါ။ နောက်တစ်နည်းကတော့ ကိုယ်အင်မတန်လုပ်ရမှာ ပျင်းရမယ့်အရာတစ်ခုခုကို လုပ်ကြည့် ရင်လည်း အိပ်ပျော်သွားနိုင်ပါတယ်။ ကိုယ်က စာဖတ်ရမှာ ပျင်းတယ်ဆိုရင် စာဖတ်လိုက်ပါ၊ အိပ်ပျော်သွားနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top