Healthy Life Ad
Humour

ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်း

သူငယ်ချင်းနှစ်ယောက် သောက်စားရင်း စကားပြောနေကြသည်။

“ငါအခုလို စိတ်ညစ်စရာတွေကြုံနေချိန်တွေဆို အနားမှာမင်းပဲရှိတယ်ကွာ… ဟိုတစ်ခါ ရုတ်တစ်ရက်ကြီး ဗိုက်တွေအောင့်လာပြီး ဆေးရုံတက်လိုက်ရတုန်းကလည်း မင်းရှိနေပြီး ဆေးရုံထိလိုက်ပို့ပေးလိုက်တာပဲ… ငါ အလုပ်ပြုတ်တဲ့နေ့တုန်းကလည်း အခုလိုပဲ မင်းရှိနေတာပဲ… မင်းက ငါ့အတွက် ဘယ်လိုလူမျိုးလဲဆိုတာ ငါသိလာပြီကွာ…”

“ဒါပေါ့ကွာ.. သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ အဆင်ပြေတဲ့အချိန်ပဲ အနားကပ်ပြီး အဆင်မပြေရင် ရှောင်ဖယ်နေတတ်တာမျိုး ငါဘယ်လုပ်ပမလဲကွ”

“ဘာတွေပြောနေတာတုန်း… ငါပြဿနာတက်တိုင်းမင်းရှိနေတာ မင်းက ငါ့အတွက် ဂြိုလ်ကောင်လေများလားလို့ကွာ…”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top