၊ မိုးမင်းထွန်း ၊
ဗြိတိန်နိုင်ငံမှ အသက် ၇ နှစ်အရွယ် မက်ဒီဆင်ဂူလီဗာဆိုတဲ့ သမီးငယ်ဟာ အီဂျစ်နိုင်ငံသို့ အလည်သွားရောက်ရင်း လက်မှာအပျော်တမ်းတက်တူးထိုးခဲ့ပါတယ်။ အိမ်ပြန်ရောက်ပြီးမကြာခင်မှာ လက်တွေ ယားလာကာ နာကျင်ရောင်ရမ်းလာခဲ့ပါတယ်။ မကြာခင်မှာ တက်တူးထိုးတဲ့နေရာအပြည့် အရည်ကြည်ဖုတွေ ထလာခဲ့တာကြောင့် ဆရာဝန်ဆီ ပြေးခဲ့ရပါတယ်။
အရည်ကြည်ဖုတွေမှကျလာတဲ့အရည်ကို စစ်ဆေးကြည့်ရာမှာ ဓာတုလောင်ကျွမ်းတဲ့လက္ခဏာ အဖြစ် pH level မြင့်မားနေတာကို တွေ့ရှိခဲ့ပါတယ်။ အရည်ကြည်ဖုတွေကို ဖြတ်ထုတ်ခဲ့ရပြီး အမာရွတ်ထင်တာနည်းအောင် မက်ဒီဆင်ဟာ လက်ပတ်တီး ၆လကြာစည်းထားရမယ်လို့သိရပါတယ်။ တခြားမိဘတွေ အန္တရာယ်ရှောင်ကြဉ်နိုင်အောင် ဒီအကြောင်းကို ဝေမျှရတာဖြစ်ကြောင်း မက်ဒီဆင်ရဲ့မိဘတွေကရှင်းပြခဲ့ပါတယ်။ အပျော်တမ်းတက်တူးဆေးရည်တွေမှာ မည်းနက်အောင်နဲ့တာရှည်ခံအောင် para-phenylenediamine(PPD)အမည်ရ ဓာတုပစ္စည်းတစ်မျိုး ပါဝင်လေ့ရှိကြောင်း သိရပါတယ်။ PPD က ကလေးတွေမှာ ဓာတုဓာတ်မတည့်မှုဖြစ်စေကာ ပြင်းထန်တဲ့တုံ့ပြန်မှု ဖြစ်စေတတ်ကြောင်း သိရပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)