Healthy Life Ad
Women

တစ်ရက် ဆန်ပြုတ်နှစ်ခါသောက်သုံးခြင်းက အသက်ရှည်ခြင်း၏ လျှို့ဝှက်ချက်ဟု ကမ္ဘာ့အသက်အရှည်ဆုံးမိသားစု ဆို

၊ မိုးမင်းထွန်း ၊

မြောက်အိုင်ယာလန်မှ စုစုပေါင်းအသက် ၁၀၇၅နှစ်ရှိတဲ့ တရားဝင်ကမ္ဘာ့အသက်အရှည်ဆုံး ဒွန်နယ်လ်မိသားစုက ဆန်ပြုတ်သောက်တာဟာ အသက်ရှည်စေတဲ့ လျှို့ဝှက်ချက်လို့ ပြောကြားလိုက်ပါတယ်။


မိသားစု မောင်နှမ ၁၃ ယောက်ဟာ ခြံထွက် ဟင်းသီးဟင်းရွက်၊ ဝက်ပေါက်ခြောက်၊ ကြက်ဥစတဲ့ ဒေသထွက်အစားအစာတွေစားသုံးရင်း ယာခင်းတွေ နံဘေးမှာကြီးပြင်းလာခဲ့ကြပါတယ်။ သူတို့ဟာ ဆန် ပြုတ်တစ်နေ့နှစ်ကြိမ် သောက်သုံးကြပါတယ်။ အုတ်ဂျုံ၊ နွားနို့နဲ့ ပန်းသီးယိုနည်းနည်းထည့်ထားတဲ့ ဆန်ပြုတ်ကို ညအိပ်ရာမဝင်ခင် ၁၀ နာရီပတ်ဝန်းကျင်မှာ တစ်ခါနဲ့ မနက် ၇ နာရီမှာတစ်ခါ သောက်သုံးတယ်လို့ ဆိုပါတယ်။ သူတို့အဖေလက်ထက်ကတည်းက ဒီအလေ့အကျင့်အတိုင်း စားသုံးခဲ့တယ်လို့ အသက် ၇၂ နှစ်အရွယ်ဂျိုးဒွန်နယ်လ်က ပြောပြပါတယ်။

ပြုပြင်ထားတဲ့ အစာတွေ၊ အဆင်သင့်အစာတွေကို ဘယ်တော့မှမစားသုံးဘဲ ကိုယ်ပိုင်ခြံထွက်သီးနှံတွေ၊ တိရစ္ဆာန်ထွက်အစားသောက်တွေကိုသာ စားသုံးတယ်လို့ဆိုပါတယ်။ အရက်လုံးဝမသောက်ဘဲ သဘာဝအတိုင်း နေထိုင်စားသောက်ကြပါတယ်။မောင်နှမ ၁၆ ယောက်ရှိပြီး ၃ ဦးကွယ်လွန်သွားခဲ့ကာ အသက် ၇၁ နှစ်ကနေ ၉၃ နှစ်အရွယ်အကြား မောင်နှမ ၁၃ယောက်ရှိကြောင်းသိရပါတယ်။ ဆန်ပြုတ်က သွေးဖိအား၊ ကိုလက်စထရောလျော့ကျစေကာ သူတို့မိသားစုကို ကျန်းမာအသက်ရှည်စေတာဖြစ်တယ် လို့ ရှင်းပြခဲ့ပါတယ်။

(Ref; MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top