Healthy Life Ad
Health Tips

နံနက်စာပုံမှန်စားခြင်းက ကိုယ်အလေးချိန်ထိန်းနိုင်

၊ ငွေစင်ကြယ်ယံ ၊

(၁) နံနက်စာစားတာက ဇီဝရုပ်ဖြစ်ပျက်နှုန်းကို ကောင်းစေလို့ပါ

နံနက်စာကို မစားဘဲနေရင် ဇီဝရုပ်ဖြစ်ပျက်နှုန်းနှေးပြီး စွမ်းအင်တွေကို သိုလှောင်နိုင်စွမ်းလျော့ကျစေပါလိမ့်မယ်။ လေ့လာမှုတွေအရ နံနက်စာကို ပုံမှန်စားတဲ့သူတွေက ကိုယ်အလေးချိန်ကို လျော့ကျစေတာကြောင့် အဝလွန်နိုင်ခြေလျော့နည်းပါလိမ့်မယ်။ နံနက်စာကို အိပ်ရာကနိုးပြီး တစ်နာရီအတွင်းမှာစားပေးရင် ဇီဝရုပ်ဖြစ်ပျက်မှုကို ပိုကောင်းစေပါတယ်။

(၂) နံနက်စာဟာ အချိုစာစားချင်စိတ်ကို လျော့ကျစေလို့ပါ

နံနက်စာထဲမှာ ဒိန်ချဉ်၊ အခွံချွတ်မထားတဲ့ ကောက်နှံစာနဲ့ ဥအမျိုးမျိုးစတဲ့ ပရိုတင်းဓာတ်တွေ မြင့်မားစွာပါဝင်တာက စွမ်းအင်ကိုရရှိနိုင်ပါတယ်။ ဒါ့အပြင် သကြားပါတဲ့ မုန့်ပဲသရေစာတွေနဲ့ အချိုစာတွေ စားချင်စိတ်ကို လျော့ကျစေပါတယ်။

(၃) နံနက်စာဟာ ဆာလောင်မှုကို ပြေပျောက်စေလို့ပါ

အခွံချွတ်မထားတဲ့ ကောက်နှံစာတွေဖြစ်တဲ့ နံနက်စာကွေကာ၊ အညိုရောင်ပေါင်မုန့်၊ လတ်ဆတ်တဲ့သစ်သီး စတဲ့အမျှင်ဓာတ်တွေပါဝင်တဲ့ နံနက်စာကို စားပေးတာက ဆာလောင်မှုကိုလျော့ကျစေပြီး နေ့လယ်စာမစားခင်နဲ့ ညစာမစားခင်မှာ သရေစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်ပါဝင်မှုကြောင့် ဝမ်းမှန်မှန်သွားစေပြီး ဝမ်းဗိုက်ချပ်ရပ်နေစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top