Healthy Life Ad
Health Tips

စိတ်ဖိစီးမှုကို အစာနဲ့ဖြေလျှော့ရအောင်

ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

စိတ်ဖိစီးမှုမဖြစ်အောင် ကြိုတင် ကာကွယ်တဲ့အနေနဲ့ရော၊ စိတ်ဖိစီး လာချိန်မှာ အမြန်ဆုံးသက်သာ ပြေလျော့ဖို့အတွက်ပါ အစားအသောက် တွေကို အရေးပါနေပါတယ်။

(၁) အခွံမာသီး လက်တစ်ဆုပ်စာ

အခွံမာသီးတွေဖြစ်တဲ့သီဟိုဋ္ဌ်စေ့၊ ဗာဒံစေ့စတာတွေမှာ မဂ္ဂနီစီယမ်တွေ ပါဝင်တာကြောင့် ဖိစီးမှုဟော်မုန်း ကော်တီဆောဟော်မုန်းကို လျော့ကျစေပါတယ်။ အခွံမာသီးတွေဟာ ကယ်လိုရီပါဝင်မှုများတာကြောင့် တစ်နေ့မှာ အစေ့တစ်ဒါဇင်ထက် ပိုပြီး မစားသင့်ပါဘူး။

(၂) ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ဖောလစ်အက်စစ်များစွာ ပါဝင်တာကြောင့် စိတ်ဖိစီးမှု လျော့ကျရေးမှာ အများကြီး အကူအညီပေးနိုင်ပါတယ်။

(၃) ကောက်နှံတစ်ခုလုံး

အခွံချွတ်မထားတဲ့ ကောက်နှံစာ တွေဖြစ်တဲ့ ဆန်လုံးညို၊ အညိုရောင် ပေါင်မုန့်၊ ခေါက်ဆွဲညိုစတာ တွေကို စားပေးတာက စိတ်ခံစားမှုကို ကောင်း စေတဲ့ ဆီရိုတိုနင်အဆင့်ကို မြင့်တက်စေပါတယ်။ ဒါကြောင့် စိတ်ခံစားမှု ကောင်းကာ အပန်းပြေစေပါတယ်။

(၄) အမည်းရောင်ချောကလက်

ချောကလက်ကို စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒိုဖင်ထုတ်လုပ်တဲ့ အစာအဖြစ် နာမည်ကြီးသလို ဦးနှောက်အားကောင်းစေတဲ့ ဒြပ်ပေါင်း ၃၀ဝကျော် ပါဝင်နေပါတယ်။

(၅) ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးမှာ ပါဝင်တဲ့ အိုမီဂါသရီး ဖက်တီးအက်စစ်ဟာ ဦးနှောက် ဆဲလ်တွေရဲ့လုပ်ငန်းတွေကို စုပေါင်းပြီး ကောင်းကောင်းအလုပ်လုပ်ဖြစ် စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို သိသိသာသာ လျော့ပါးစေပါတယ်။

(၆) နွားနို့တစ်ဖန်ခွက်

နွားနို့မှာ ထရစ်ပတိုဖန်ပါဝင်ကာ ခန္ဓာကိုယ်ထဲရောက်ရင် စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင်အဖြစ် ပြောင်းသွားတာကြောင့် နွားနို့ကိုစိတ်ဖိစီးမှု လျော့ပါးစေဖို့ သောက်သင့်တာဖြစ်ပါတယ်။ နွားနို့မှာ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ်တို့ ပါဝင်တာကြောင့် သွေးဖိအားကို လျော့ကျစေပါတယ်။

(၇) လက်ဖက်ရည်ကြမ်း

လန်ဒန်တက္ကသိုလ်ရဲ့လေ့လာမှု တစ်ရပ်အရ တစ်နေ့မှာ လက်ဖက်ရည် ကြမ်းလေးခွက်ကို ခြောက်ပတ်ကြာ သောက်ပေးပါက စိတ်ဖိစီးစရာအတွေ့ အကြုံတွေကို ခံစားရပြီးချိန်မှာ စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆောကို လျော့ကျစေကြောင်း သိရပါတယ်။

(၈) လက်ဖက်စိမ်းလက်ဖက်ရည်

သီယာနင်းပါဝင်မှုများတဲ့ လက်ဖက်စိမ်းလက်ဖက်ရည်ဟာ ဦးနှောက်ထဲက စိတ်အပန်းပြေစေတဲ့ အယ်လ်ဖာလှိုင်းတွေကို တိုးစေပြီး ဖိစီးမှုဖြစ်စေ တဲ့ ဘီတာလှိုင်းတွေကို လျော့ကျစေပါတယ်။

(၉) ရေအေးတစ်ဖန်ခွက်

ရေအေးတစ်ဖန်ခွက်သောက်ပြီး လမ်းလျှောက်ပေးတာဟာ သွေးလှည့်ပတ်မှုကို ကောင်းစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

[Unicode]
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top