Healthy Life Ad
Q & A

အဆုတ်မှာ စပေါ့ (Spot) တွေ့ခြင်း

မေး. CT အဖြေအရ အဆုတ်မှာစပေါ့တွေ့တယ်တဲ့။ လည်ပင်းပြန်ရည်ကြောနားက အဖုလေးကိုခွဲထုတ်ထားပါတယ်။ ကင်ဆာဆဲလ်တော့မတွေ့ဘူး။ Lymph Node ရောင်တာလို့ပြောတယ်။ ဒါပေမဲ့ အဆုတ်မှာ စပေါ့တွေ့နေလို့ ကင်ဆာဖြစ်နိုင်ခြေများတာလား။ ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင့်။
Thaw Thaw Muthar Sue (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. လည်ပင်းအကျိတ်ကို အသားစယူလိုက်တဲ့အခါ ရိုးရိုးအကျိတ်ရောင်တယ်လို့ ထွက်လာပါတယ်။ ဒါပေမဲ့အဆုတ်ထဲက စပေါ့နဲ့ လည်ပင်းအကျိတ်ဆက်စပ်မှုကို သေချာပြောလို့မရနိုင်သေးပါဘူး။ လည်ပင်းအကျိတ်အသားစမှာ ကင်ဆာတွေ့ရင် အဆုတ်ကင်ဆာကြောင့် လည်ပင်းပြန်ရည်ကြောကနေ ရောက်လာတယ်လို့ မှန်းဆလို့ ရနိုင်ပါတယ်။ လည်ပင်းအကျိတ်က ရိုးရိုးအကျိတ်ရောင်လို့ အဖြေထွက်တဲ့အတွက် လည်ပင်းအကျိတ်က ကင်ဆာမဟုတ်ဘူးလို့ပဲ ပြောနိုင်ပါတယ်။ အဆုတ်ထဲမှာ ကျန်ခဲ့တဲ့ စပေါ့က ဘာကြောင့်ဖြစ်သလဲဆိုတာ သေချာမပြောနိုင်သေးပါဘူး။ အသေးစိတ် ရှာဖွေစစ်ဆေးမှုပြုလုပ်ဖို့လိုပါတယ်။ ဆေးလိပ်သောက်သလား၊ မသောက်ဘူးလား၊ မျိုးရိုးမှာ ကင်ဆာဗီဇရှိသလားစတာတွေကို ဆန်းစစ်ပြီး ဆက်လက်စမ်းသပ်စစ်ဆေးမှုလုပ်ရပါမယ်။ ပေါ့ပေါ့တန်တန် သဘောမထားဘဲ ဆရာဝန်နဲ့ ဆက်လက်စစ်ဆေးမှုတွေပြုလုပ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top