Healthy Life Ad
Health Tips

သွားမှန်မှန်တိုက်ခြင်းက အဆစ်ရောင်နာမဖြစ်အောင် ကာကွယ်နိုင်

၊ မိုးမင်းထွန်း ၊

သွားတိုက်တာက အဆစ်ရောင်နာမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ သုတေသနအသစ်ကဆိုပါတယ်။ သွားဖုံးပိုးဝင်ခြင်းကို ဖြစ်စေတဲ့ ပိုးမွှားတွေက လူတွေမှာ ရောဂါရစေကြောင်း တွေ့ရှိခဲ့ပါတယ်။ အဆစ်ရောင်နာက သွားကျန်းမာရေးနဲ့ ဆက်စပ်တယ်လို့ဆိုပါတယ်။

သွားဖုံးရောဂါတစ်မျိုးဖြစ်တဲ့ A. actinomy-cetemcomitans ကခန္ဓာကိုယ်ခုခံစနစ်ကို ရပ်တန့်စေတဲ့ ပရိုတိန်းထုတ်လုပ်မှုကို အစပျိုးပေးပါတယ်။ ဒီပရိုတိန်းထုတ်လုပ်မှုက ပရိုတိန်းတွေကိုတားမြစ်တဲ့ Citrulli­nation ဆိုတဲ့ လူ့ခန္ဓာကိုယ်မှာ သဘာဝအတိုင်းတည်ရှိတဲ့ ယန္တရားကို အလွန်အကျွံဖြစ်စေ ကာရောင်ရမ်းတာ၊ တစ်သျှူးပျက်စီးတာလို လက္ခဏာတွေဖြစ်ပေါ်စေကာ အဆစ်ရောင်နာရောဂါဖြစ် ပွားစေတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ သုတေသီတွေကတွေ့ရှိထားပါတယ်။ ဒါပေမဲ့ အဆစ်ရောင် နာဝေဒနာသည်တွေရဲ့ တစ်ဝက်ကျော်မှာတော့ သွားဖုံးရောဂါမရှိကြဘူးလို့သိရပြီး အူ၊ အဆုတ်တို့လို ခန္ဓာကိုယ် တခြားအင်္ဂါတွေထဲရှိ ဘက်တီးရီးယားတွေကလည်း အဆစ်ရောင်နာဖြစ်စေနိုင်တယ် ဆိုတာပြဆိုတယ်လို့ သုတေသီတွေကရှင်းပြပါတယ်။ သုတေသနက အမေရိကန်ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top