မေး. မှဲ့မှာအမွှေးပေါက်နေရင် စိုးရိမ်ရပါသလား၊ တချို့က ကင်ဆာဖြစ်တတ်တယ်ပြောလို့ပါ။ အမွှေးနုတ်လိုက်ရင် ပိုဆိုးတယ်လို့လည်း ပြောကြလို့ပါ။
ဦးထွေး၊ လှိုင်မြို့နယ်။
ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။
ဖြေ. အမွှေးပေါက်နေတဲ့ မှဲ့ရှိသူတွေက ရိုးရိုးမှဲ့ရှိသူထက် ပိုစိုးရိမ်ရတယ်ဆိုတဲ့ သက်သေမရှိသေးပါဘူး။ များသောအားဖြင့်တော့ ကင်ဆာဖြစ်နိုင်ခြေနည်းပါတယ်။ ဒါပေမဲ့ ကင်ဆာလုံးဝမဖြစ်ဘူးလို့တော့ သတ်မှတ်လို့ မရပါဘူး။ အမွှေးနုတ်လိုက်ရင် ကင်ဆာဖြစ်နိုင်ခြေများတယ်ဆိုတာတော့ မဟုတ်ပါဘူး။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)