Healthy Life Ad
International

နနွင်းတွင်ပါသော ကာကူမင်ကြောင့် သွေးကင်ဆာအနိုင်ယူခဲ့သည့်အမျိုးသမီး

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မြောက်ပိုင်းမှာနေထိုင်တဲ့ အသက် ၆၇ နှစ်အရွယ် ဒီနက်ခ်ခီဖာဂူဆန် ဆိုတဲ့ အမျိုးသမီးဟာ ၂၀ဝ၇ ခုနှစ်က သွေးကင်ဆာရောဂါ ရှိနေကြောင်းတွေ့ရှိခဲ့ပါတယ်။ ကင်ဆာဆေးသွင်းမှု ၃ ကြိမ်၊ ပင်မဆဲလ်အစားထိုးမှု ၄ ကြိမ်ပြုလုပ်ကာ ကုသမှုခဲ့ယူခဲ့ပါတယ်။ ကုသမှုတွေကြောင့် ဘေးထွက်ဆိုးကျိုးတွေ အများကြီးခံစားခဲ့ရပါတယ်။ ၃ ရက်ကြာ သတိမေ့သွားဖူးပြီး ၂၀ဝ၈ ခုနှစ်က ကျောရိုးအဆစ်၂ခု ပြတ်သွားတာကြောင့် လမ်းမလျှောက်နိုင် ဖြစ်ခဲ့ပါတယ်။

ကုသမှုတွေက အလုပ်မဖြစ်ခဲ့တာကြောင့် လက်လျှော့ရမလိုဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ဒီနက်ခ်ခီဟာ မီးဖိုချောင်သုံးဟင်းခတ်အမွှေးအကြိုင် နနွင်းမှာ ပါဝင်တဲ့ Curcumin နဲ့ စမ်းသပ်ကုသခဲ့ပါတယ်။ Curcumin ၈ ဂရမ်ပါတဲ့ဆေးကို နေ့စဉ်သောက်သုံးခဲ့ပါတယ်။ နနွင်းမှာ Curcuminဓာတ် ၂ရာခိုင်နှုန်းသာ ပါဝင်တာကြောင့် ဒီ Curcuminပမာဏရဖို့ နနွင်းမှုန့်တွေချည်းစားလို့တော့ မဖြစ်နိုင်ပါဘူး။နေ့စဉ် ဆေးသောက်ရင်း ၅ နှစ်ကြာပြီးနောက်မှာ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်မပြောပလောက်တဲ့ ပမာဏသာကျန်တော့ကြောင်း တွေ့ရှိခဲ့ပါတယ်။ သူ့ ရဲ့အဖြစ်အပျက်ဟာ ထူးခြားလွန်းတာကြောင့် ထင်ရှားတဲ့ဆေးပညာဂျာနယ်ဖြစ်တဲ့ ဗြိတိသျှဆေးပညာဂျာနယ်မှာ ထည့်သွင်းဖော်ပြခြင်း ခံခဲ့ရပါတယ်။

ဒီနက်ခ်ခီရဲ့ ဆေးမှတ်တမ်းတွေအရ သူ့ရဲ့နာလန်ထသက်သာလာမှုဟာ Curcuminကလွဲပြီး တခြား ဖြေရှင်းချက်ပေးစရာ အချက်မတွေ့မိကြောင်း လန်ဒန်ဘာ့စ်ဆေးရုံမှ သွေးအမျိုးအစားရောဂါဆိုင်ရာ ပါမောက္ခဂျေမီကာဗန်နက်ချ်က ရှင်းပြပါတယ်။ လူတိုင်းအတွက် အလုပ်မလုပ်ပေမယ့် တချို့ လူတွေမှာ အကျိုးသက်ရောက်နေတာကြောင့် သုတေသနတွေလုပ်ဆောင်ဖို့လိုသေးကြောင်း ပါမောက္ခ ဂျေမီက ဆက်ရှင်းပြခဲ့ပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top