Healthy Life Ad
International

ဘောလုံးအရွယ် အူကျဝေဒနာ ခံစားနေရသည့် ဘင်္ဂလားဒေ့ရှ်ကလေးငယ်

၊ မိုးမင်းထွန်း ၊

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အသက် ၁၃ နှစ်အရွယ် မိုဟာမက်ဆာဘက်မှာ ဝမ်းဗိုက်ကနေ စူထွက်နေတဲ့ ဘောလုံးအရွယ်အစားရှိ အူကျဝေဒနာ ခံစားနေရပါတယ်။ ဖခင်ဖြစ်သူက နေ့စားအလုပ်သမားတစ်ယောက်ဖြစ်ပြီး မိသားစုဆင်းရဲတာကြောင့် ကလေးဆေးကု စရိတ်မတတ်နိုင်ဖြစ်နေပါတယ်။ ပရဟိတသမားမာ မန်ဘစ်ရှ်ဝက်စ်က ကလေးငယ်ရဲ့ ရောဂါအကြောင်းကြားသိခဲ့ပြီး အလှူရှင်ရဖို့ ကူညီရှာဖွေပေးခဲ့ပါတယ်။ မာမန်ရဲ့ မရပ်မနားကြိုးစားအားထုတ်မှုကြောင့် မကြာခင်က ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးအရာရှိတွေက ကလေးငယ်ကို ဆေးကုပေးဖို့ သဘောတူခဲ့ကြပါတယ်။

ဒါကာဆေးကောလိပ်တက္ကသိုလ်မှ ဆရာဝန်တွေက စစ်ဆေးပေးခဲ့ကြပြီး ကလေးမှာ ventral hernia အမျိုးအစား အူကျဝေဒနာခံစားနေရတာကို တွေ့ရှိခဲ့ပါတယ်။ ဒီရောဂါမျိုးဟာ ဝမ်းဗိုက်နံရံကြွက်သား အားနည်းတဲ့နေရာမှ တစ်သျှူးတွေ စူထွက်ကျတာကြောင့် ဖြစ်ပွားတတ်ကြောင်းသိရပါတယ်။ နာတာရှည်ချောင်းဆိုးတာ၊ ဆိုးဆိုးရွားရွားအော့အန်တာ၊ အလေးအပင်မတာနဲ့ တခြားထိခိုက်ဒဏ်ရာ ရမှုတွေကြောင့် ဖြစ်ပွားတတ်ကြောင်း သိရပါတယ်။ ခွဲစိတ်ထားတဲ့ ချုပ်ရိုးရာမှတစ်ဆင့်လည်း ဖြစ်ပွားတတ်တယ်လို့ဆိုပါတယ်။ ရောဂါဖြစ်ရာနေရာကို စတီးဆန်ခါ ဒါမှမဟုတ် ဝိုင်ယာသုံးကာ ပြုပြင်ခွဲစိတ်ရလေ့ရှိကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top